အပိုင်း (၇၆၇)

178 37 0
                                    

#Unicode


မိစ္ဆာတွေ .. ငါ့ရတနာဓားမော့ ကို မြည်းကြည့်စမ်း။

ပြီးနောက်မှာတော့ ကြီးမြတ်တဲ့ အဖြူ က ရှိနေတဲ့ သူတွေ အားလုံးကို သတိပေးလိုက်တယ် "တာအိုရောင်းရငး်တို့ .. အခုကစပြီး မိစ္ဆာတွေနဲ့ တိုက်ခိုက်နေတုန်းမှာ ကိုယ့်ဘေးနား ပတ်ဝန်းကျင်ကိုလဲ သတိမပြတ်ထားကြ၊ ဒါမှ သူငယ်ချင်းလေး ရူဟန်လို ထူးဆန်းတဲ့ တိုက်ပွဲပြိုင်ကွင်းထဲကို ဆွဲခေါ်မခံရမှာ။"

တာအိုရောင်းရင်း အားလုံးက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်လိုက်ကြတယ်။

ဒီအချိန်မှာ သူက တခြားလူတွေ လိုက်မလုပ်သင့်တဲ့ နမူနာဆိုးတစ်ခုလို ရူဟန်က ခံစားနေမိတယ်။

"ကောင်းပြီ။ ဒါဆိုရင် တာအိုရောင်းရင်း လိုင်ချီး .. ရုပ်ရှင် ဆက်ရိုက်ရအောင်။ ဒိနေ့ ဖြစ်ပျက်တာတွေ တော်တော်ရှုပ်ယှက်ခက်တယ်လို့ ငါထင်တယ်။ နောက်ထပ် ဘာမှထပ်မဖြစ်စေဖို့ ပဲ မျှော်လင့်ရတော့မယ်။" ကြီးမြတ်တဲ့ အဖြူ က တီးတိုးပြောလိုက်တယ်။

"ဟီးဟီး" လိုင်ချီး က ချိုသာစွာပြုံးလိုက်တယ်။

အခုကစပြီး အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားနိုင်မလား။

❄️❄️❄️

ကြီးမြတ်တဲ့အဖြူ က လိုင်ချီးကို ခေါ်ကာ အဆင့်ငါး မိစ္ဆာတွေ ရှိတဲ့ အထပ်ကို ပြန်တက်သွားပြီး ခြေလှမ်းဘယ်လောက် လှမ်းရင် မိစ္ဆာဘယ်နှစ်ကောင် သတ်ရမယ်ဆိုတဲ့ လင်းရီရဲ့ ဇာတ်ဝင်ခန်းကို ဆက်လက် ရိုက်ကူးနေတယ်။

ဆေးဆရာနဲ့ သူ့မိန်းမ ကလည်း မိစ္ဆာတွေကို အမဲဖြတ်နေကြတယ်။

အခြားတစ်ဘက်မှာတော့ ယုကျောင်းကျောင်းက ရူဟန် နဲ့ အားရှီလျှူတို့ နားမှာ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆိုရင် သူတို့က တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်နိုင်တယ်လေ။

လူတိုင်းက ရွှေကြာပန်းစေ့ နဲ့ လဲလှယ်ဖို့ မိစ္ဆာတွေကို သတ်ဖြတ်ရင်း အလုပ်ရှုပ်နေကြ ပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာတော့ သူငယ်ချင်းလေး ရူဟန် က သူ့ရဲ့ နတ်ဘုရား ဆာဗာကြီးကို အသက်သွင်းလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now