Chapter-591

37K 1.6K 81
                                    

//Unicode//

အပိုင်း၅၉၁- ကျိုးပျက်သွားသောအကာရံ

ထပ်ခါထပ်ခါ ပေါက်ခွဲခံရမှုကြောင့်
အကာရံကြီးသည် လှုပ်ယမ်းလာ၏။
နန်းတော်ကို လှုပ်ယမ်းစေသည့် တုန်ခါမှုများက
အကြိမ်ရေစိပ်လာသည်။ နန်းတော်က
မြေကြီးနှင့်ထိစပ်နေခြင်းလည်း ရှိမနေပေ။
နန်းတော်ကို ရေထဲပေါလောပေါ်အောင်
အကာရံနှင့် ထိန်းထားခြင်းဖြစ်၍ အကာရံက
လှုပ်ယမ်းသွားချိန်တွင် နန်းတော်တစ်ခုလုံးလည်း
လှုပ်ယမ်းသည်။

အကာရံပျက်သွားသည်နှင့် ကျားဖြူနန်းတော်သည်
ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားမည်ဖြစ်၏။
၎င်းနှင့်အတူ မည်ကဲ့သို့ပျက်စီးမှုများ
သယ်ဆောင်လာမည်လဲ ဘယ်သူမှ ခန့်မှန်းမိမည်
မဟုတ်ပေ။

ဒါကိုတွေးတောရင်းဖြင့် ယူရှောင်းမိုသည်
အစီရင်ကြီး၏ဗဟိုချက်သို့ ပြေးသွား၏။

ကျားဖြူက အပျင်းကြီးလေရာ နန်းတော်သည်
ခမ်းနားထည်ဝါသည့် လှပသောဝင်္ကပါကြီးတစ်ခု
ဖြစ်ခြင်းမှလွဲ၍ အတားအဆီး၊ အကာရံတစ်ချို့
ရှိသေးသော်လည်း ထောင်ချောက်စတာတို့
မရှိပေ။

အခြားသူများအတွက် ၎င်းကပြဿနာဖြစ်နိုင်
သော်လည်း ယူရှောင်းမိုမှာ အတားအဆီးများ
စားသောက်သည့် ရွှေတောင်ပံပိုးကောင်များ
ရှိသည်။ သူ့ခရီးက ချောမွေ့ပြီး မြန်ဆန်သည်။
သိပ်မကြာခင်မှာ သူ နန်းတော်၏ဗဟိုသို့
ရောက်သွားသည်။

နန်းတော်အလယ်ဗဟိုတွင် ခန်းမကြီးတစ်ခု
ရှိလေသည်၊ မျက်နှာကြက်ကို ခရစ်စတယ်များဖြင့်
ပြုလုပ်ထားသဖြင့် တလက်လက်တောက်ပနေ၏။

ခန်းမဘေးနှစ်ဖက်တွင် တံခါးမကြီးမှပလ္လင်ထိတိုင်
စီတန်းသွားသော တိုင်လုံးကြီးများ နှစ်တန်းမျှ
ရှိသည်။ တလက်လက်တောက်ပနေသည့်
အရောင်စုံကျောက်မျက်များက ပလ္လင်ကို
ဝန်းရံထားသည်။ ပလ္လင်ကို သားမွှေးထူထူဖြင့်
အနားသတ်ထားကာ ဧကရာဇ်တစ်ပါး၏
ပလ္လင်နှင့်တူပြီး သက်သောင့်သက်သာရှိပုံပေါ်သည်။

ယူရှောင်းမိုမှာ ပြေးသွားမကြည့်ဘဲမနေနိုင်ပေ။

သတ္တုစားသားရဲလေးကလည်း ပလ္လင်ပေါ်
လှမ်းခုန်ကာ ရွှေတောင်ပံပိုးကောင်တွေနဲ့အတူ
ထိုနေရာသို့အရင်ရောက်ရန် လုပ်လေသည်။
သူတို့သုံးကောင်က ယူရှောင်းမိုထက်နည်းနည်း
မြန်သွားသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now