Chapter-599

6.7K 1.4K 190
                                    

//Unicode//

အပိုင်း ၅၉၉- အသုံးဝင်တဲ့တန်ဖိုး

လင်းရှောင်က စတင်ရယ်မောလေတော့သည်။

မြွေပါသားရဲသည် သူရယ်သည့်အကြောင်းအရင်းကို
နားမလည်သော်လည်း လိုက်ရယ်လေ၏၊ သို့သော်
ခဏအကြာ၌ မရယ်နိုင်တော့ချေ။

"မင်းလို မြွေပါသားရဲကများ? တကယ်ကြီးလား?"

လင်းရှောင်က ညင်သာစွာပြောနေခြင်းဖြစ်သည့်တိုင်
သူ့လေသံထဲတွင် အထင်သေးခြင်း ပါဝင်နေသည်။
သူ့အတွက်ဖြစ်ဖြစ် ယူရှောင်းမိုအတွက်ပဲဖြစ်ဖြစ်
သူတို့နောက်လိုက်မည့်သားရဲက သာမာန်သားရဲသာဆို
ဝန်ထုပ်ဝန်ပိုးဖြစ်တာပဲ အဖတ်တင်လိမ့်မည်။

မြွေပါသားရဲက အဆင့်မြင့်နတ်ဆိုးသားရဲတစ်မျိုး
ဖြစ်ပြီး သန္ဓေပြောင်းအမျိုးဖြစ်နေလျှင်တောင်
အဆင့်မြင့်နတ်ဆိုးသားရဲတွေကြားမှာ သူ့ရဲ့
တိုက်ခိုက်နိုင်စွမ်းက အတော်တန်နိမ့်သည်။
သူတို့ရဲ့တိုက်ပွဲမှာ သူက အထောက်အကူ
ကောင်းဖြစ်လိမ့်မည်မဟုတ်ပေ။ ဒီကျွန်းလေးကို
သူ အုပ်ချုပ်နိုင်ရသည့် တစ်ခုတည်းသော
အကြောင်းအရင်းက စွမ်းအားကြီး
နတ်ဆိုးသားရဲတွေ မရှိနေလို့ပဲဖြစ်သည်။

မြွေပါသားရဲသည် တစ်ဖက်က သူ့ကို
စော်ကားနေခြင်းမှန်း ရှင်းလင်းစွာခံစားမိ၍
ဒေါသကြောင့် မျက်လုံးများ နီရဲလာတော့သည်။

သူက ရှဉ့်မျိုးနွယ်ဝင်ဖြစ်နေတော့ရော ဘာဖြစ်လဲ။
သူကတော့ ဂုဏ်ယူတယ်!

"တကယ်ကြီးလားဆိုတာ ဘာကိုဆိုလိုတာလဲ။
ဒီကိုယ်တော့် အပေါင်းအပါဖြစ်လာနိုင်မှာကို
မင်းဂုဏ်ယူသင့်တယ်။ သခင့်အတွက်မို့သာ
မဟုတ်လို့ရှိရင် ဒီကိုယ်တော်က ကိုယ့်ကိုယ်ကိုယ်
နှိမ့်ချပြီး မင်းလိုလူမျိုးနဲ့ သခင်တစ်ယောက်တည်း
မျှဝေမှာမဟုတ်ဘူး"

"ဒါက သူများရဲ့ဆက်နွယ်သားရဲဖြစ်လာချင်တဲ့
မင်းရဲ့စိတ်ဓာတ်ပေါ့လေ"

လင်းရှောင်က စိတ်အခြေအနေကောင်းနေပုံရကာ
နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
သူက တကယ်ကို ဒီမှာထိုင်ပြီး မြွေပါသားရဲနှင့်
ငြင်းခုံချင်တာဖြစ်ပေမဲ့ မြွေပါသားရဲကတော့
သိပ်ပျော်ရွှင်မနေချေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now