Chapter-595

6.8K 1.3K 131
                                    

//Unicode//

အပိုင်း၅၉၅- မြေပုံတွင်မပါသောကျွန်းကလေး

ယူရှောင်းမို နယ်မြေထဲကနေ ထွက်လာချိန်
သူတို့တွေကပင်လယ်အောက်ခြေမှာမဟုတ်တော့မှန်း
တွေ့ရှိလိုက်ရသည်။ သူတို့ခေါင်းအထက်၌
မိုးပြာရောင်ကောင်းကင်ကြီးက မိုင်ပေါင်းများစွာ
ဖြန့်ကျက်လျက်ရှိပြီး နေရောင်ခြည်က 
မျက်စိကျိန်းလောက်အောင် တောက်ပနေ၏။
ကြည်လင်နေသော အပြာရောင်ပင်လယ်ကြီးက
မိုးကုပ်စက်ဝိုင်းအနားသတ်ထိ တလက်လက်
တောက်ပနေသည်။ မြေပုံမှာမပါသည့်
ကျွန်းလေးတစ်ကျွန်းကို ရောက်နေပုံရသည်။

ဘေး၌ လင်းရှောင်သည် မျက်လုံးများမှိတ်လျက်
တရားထိုင်နေ၏။ သူ့ပုံစံက နည်းနည်းဖြူဖျော့
လျက်ရှိသည်။

ယူရှောင်းမိုက သူတို့ကိုခွဲထားသည့် အလွှာပေါ်
မှီကာ တစ်ဖက်လူကို မျက်လုံးပြူးပြီး
လှမ်းကြည့်သည်။ ခုနက ဘာဖြစ်သွားခဲ့လဲ
မသိပေမဲ့လို့ အခုတော့ အန္တရာယ်ကင်းသွားပြီဖြစ်ပုံ
ရသည်။ ပင့်ကူနက်ကရော၊ မျိုးနွယ်စုနှစ်ခုမှ
လူများ၏အရိပ်အယောင်ရော မမြင်ရပေ။

အချိန်များစွာကြာပြီးနောက် လင်းရှောင်က
မျက်လုံးပွင့်လာသည်။

ယူရှောင်းမိုက သူ့ကိုပဲ ကြည့်နေခဲ့တာဖြစ်၍
ချက်ချင်း သတိပြုမိလိုက်သည်။ လင်းရှောင်
သတိထားမိစေဖို့ အကာရံကို ရှိသမျှအားနှင့်
ထုရိုက်ကြည့်သည်။ သူ ဒီနန်းတော်ထဲမှာ
ပိတ်မိနေတာကို လင်းရှောင် သိရောသိရဲ့လား။

စိတ်ပျက်စရာကောင်းသည်မှာ လင်းရှောင်က
သတိထားမိပုံမပေါ်ဘဲ ထိုအစားမျက်နှာရှစ်ခေါက်ချိုး
ဖြစ်သွားသည်။

ယူရှောင်းမိုမှာ စိုးရိမ်ကြောင့်ကြနေရသည်။
သူ ဒီထဲမှာမှန်း လင်းရှောင်တကယ်ကြီး
မသိဘူးလား?

လောလောဆယ် သူ့ကျင့်ကြံဆင့်မှာ ချိတ်ပိတ်
ခံထားရသဖြင့် နန်းတော်ကိုတိုက်ခိုက်လို့မရချေ။
သူ ဒီထဲမှာရှိနေကြောင်း လင်းရှောင်
သတိထားမိအောင် တစ်ခြားနည်းလမ်းတစ်ခုခု
ရှာမှရပေမည်။

ထိုအချိန်မှာပဲ ယူရှောင်းမိုခေါင်းထဲမှာ အကြံတစ်ခု
ပေါ်လာ၏။ အသံကူးပြောင်းကျောက်တုံးလို
လွယ်ကူအဆင်ပြေတဲ့ဟာမျိုးကို ဘယ်လိုလုပ်
မေ့နေမိတာပါလိမ့်။ သူ မှတ်မိတာမှန်ပါက
လုံလောက်အောင်နီးကပ်နေလျှင် အသံကူးပြောင်း
ကျောက်တုံးက အလုပ်လုပ်လိမ့်မည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now