Chapter-654

3.9K 755 11
                                    

Scroll down for Zawgyi.

အပိုင်း ၆၅၄- ပြဿနာကိုအစပျိုးခြင်း

နှစ်ရက်လုံးလုံး သူတို့ မီတာမည်မျှ တူးလာပြီးပြီလဲ
ယူရှောင်းမိုကိုယ်တိုင်တောင် မသိတော့ပေ။
မိနစ်တိုင်းစက္ကန့်တိုင်း ဂေါ်ပြားကိုမြှောက်၊ မြေကြီးထဲ
စိုက်၊ ပြီးလျှင် မြေကြီးကို သူ့နယ်မြေထဲ
ပြောင်းထည့်ရခြင်းကို စက်များကဲ့သို့ ထပ်ခါတလဲလဲ
ပြုလုပ်နေခဲ့သည်။

ဤနှစ်ရက်အတွင်း သူ့နယ်မြေထဲကို ရံဖန်ရံခါမျှ
ကြည့်ကြည့်ခဲ့ရာတွင် မြေကြီးပုံက
တောင်ကုန်းလေးတစ်ခုစာမျှပင် ရှိနေပြီဖြစ်တာကို
တွေ့ခဲ့ရ၏။ လိုဏ်ခေါင်းတူးရခြင်းက အလွန်အမင်း
ငြီးငွေ့စရာကောင်းသောအလုပ်ဖြစ်သော်လည်း
လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေကာ အဖော်လည်း
ရှိနေ၍ ပျော်စရာမကောင်းတာတော့မဟုတ်ပေ။

"လင်းရှောင်ရေ ဘယ်လောက်ထိ
ထပ်တူးရဦးမှာလဲဟင်"

ယူရှောင်းမိုက ဖင်ထိုင်ချလိုက်ပြီး တူးနေသေးသည့်
လင်းရှောင်ကို ကြည့်လိုက်၏။

ကျဉ်းမြောင်းသည့်လမ်းအတွင်းက အရပ်ရှည်ရှည်
ပုံရိပ်က ခြေလက်တွေကို ဆန့်မရသည့်ခံစားချက်
ပေးစွမ်းနေသည်။ ညလင်းပုလဲ၏အလင်းက
သူ့မျက်နှာကို ဟပ်နေကာ မျက်နှာဘေးဘက်မှာ
ကပ်နေသည့် အနက်ရောင်ဆံနွယ်များက
သူ့လှုပ်ရှားမှုများနှင့်အတူ လိုက်ပါလွှဲယမ်းနေလျက်
ပြည့်စုံလှသည့်အရိပ်တစ်ခြမ်းကို ဖော်ပြလျက်ရှိ
သည်။ ၎င်းက အလွန်ပင်ပန်းလှသည့်အလုပ်ဆိုတာ
ထင်ရှားလှသည်။ လင်းရှောင်က သူ့ကို 'စိတ်နှစ်၍
အလုပ်လုပ်နေသည့် ယောက်ျားတစ်ဦးက
ဆွဲဆောင်မှုအရှိဆုံး' ဟူသည့် ခံစားချက်မျိုး
ပေးနေ၍ ယူရှောင်းမိုမှာ တွေတွေကြီး
စိုက်ကြည့်နေမိ၏။

လင်းရှောင်၏လှုပ်ရှားမှုများက ပိုမြန်ပြီး
ဂေါ်ပြားသုံးစရာလည်း မလိုအပ်ပေ။ သူက
ဂေါ်ပြားကို စစချင်းတစ်နာရီမှာ သုံးပြီးနောက်မှာ
ဆက်မသုံးတော့ပေ။ သူ့နည်းက စိတ်စွမ်းအင်
ပိုကုန်စေသော်လည်း သူတို့အတွက် ပြဿနာတစ်ခု
မဟုတ်ပေ။

သို့သော်ငြားလည်း စိတ်စွမ်းအင် ဆက်တိုက်
အသုံးပြုရခြင်းကြောင့် စိတ်စွမ်းအင်
ကုန်ဆုံးနှုန်းက မည်သည့်အကြိမ်တိုင်းကမထက်ဆို
ပိုမိုမြန်ဆန်သည်။ ယူရှောင်းမို သူ့ကို စိတ်စွမ်းအင်ရေ
ပုလင်းများ ဆက်တိုက်ပေးထားရပြီး ယခု
လင်းရှောင်၏တတိယမြောက်ပုလင်းမှာ
ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now