Chapter-619

5.3K 1.2K 41
                                    

//Unicode//
အပိုင်း ၆၁၉- ရပ်တန့်ရခြင်း

ယူရှောင်းမို ရုတ်တရက်ပျောက်သွားသည့်အခါ
ယူကျန်ထျန်း၏ပုံရိပ်က ရပ်တန့်သွားသည်။
သူက နေရာမှာရပ်နေရင်း သူ့နှုတ်ခမ်းက
ထူးဆန်းသောအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။

အမှန်မှာ ယူရှောင်းမိုက အိပ်ဆောင်နယ်မြေကို
အောင်အောင်မြင်မြင်ဖွင့်ပြီးပြီလားဆိုတာ
သူမသေချာခဲ့ပေ၊ ဘာကြောင့်ဆို သေခါနီး
အဘိုးကြီးများက အိတ်ဆောင်နယ်မြေကို
သူ့ညီဖြစ်သူ ယူကျွင်းချီလက်ထဲမထည့်ခင်
ရှေးကာလများကတည်းက ဘယ်သူကမှ
အောင်အောင်မြင်မြင် အသက်မသွင်းနိုင်ခဲ့ကြ
သောကြောင့်ဖြစ်သည်။

သွေးစွေးနီမိသားစုခေါင်းဆောင်များက
မတူညီ​သောနည်းလမ်းအမျိုးမျိုး ကြိုးစားကြည့်ခဲ့
ကြသည်။ သူငယ်ငယ် မိသားစုခေါင်းဆောင်
မဖြစ်ခင်တုန်းက သူလည်းကြိုးစားကြည့်ဖူးသည်၊
သို့ပေမဲ့ လျှို့ဝှက်ပြီးလုပ်ကြည့်တာမဟုတ်ဘဲ
ထိုအဘိုးကြီးများက နယ်မြေကိုအသက်သွင်းရန်
ရည်ရွယ်ချက်ဖြင့် သူ့သွေးကိုယူသွားခဲ့ကြတာ
ဖြစ်သည်။ သွေးစွေးနီမိသားစုမှာ ထိုကဲ့သို့
ရတနာတစ်ခုရှိကြောင်း ထိုအချိန်မှာပဲ
သူသိခဲ့ရတာဖြစ်သည်။ ကံဆိုးစွာဖြင့် ၎င်းက
အသက်မဝင်ခဲ့ပေ။

ထိုအချိန်တုန်းက ငယ်ရွယ်သည့်ယူကျန်ထျန်းဟာ
အသုံးပြုလို့မရသည့်ပစ္စည်းများက တန်ဖိုးမရှိဘူးဟု
ယုံကြည်သဖြင့် အမွေကျောက်တုံးကို
သိပ်ဂရုမထားခဲ့ပေ။

သူ မိသားစုခေါင်းဆောင်ဖြစ်လာပြီး
ယူမိသားစု၏လျှို့ဝှက်ချက်များကို သိရတော့မှ
အမွေကျောက်တုံးကဘယ်လိုဖြစ်တည်မှုမျိုးလဲ
သိခဲ့သည်။

၎င်းက မှော်ဆေးပင်များကြီးထွားမှုကို
ထောက်ပံ့ပေးနိုင်သည်၊ စိတ်စွမ်းအင်ကို
လျင်မြန်စွာဖြည့်တင်းပေးနိုင်သည်၊
မှော်ဆေးလုံးများကို များစွာသန့်စင်နိုင်သည်။
၎င်းက အဖိုးမဖြတ်နိုင်သည့်ရတနာဆိုတာ
သံသယဖြစ်ဖွယ်မရှိပေ၊ ယူကျန်ထျန်း
ဘယ်လိုလုပ် မလှုပ်ရှားဘဲနေမှာလဲ။
ကံဆိုးသည်မှာ သူ့ညီက အမွေကျောက်တုံးနှင့်အတူ
ပျောက်ကွယ်သွားခဲ့သောကြောင့်
ထိုလျှို့ဝှက်ချက်များကို သိခဲ့ပြီးနောက်တွင်
ဤအမွေကျောက်တုံးကိုထပ်မြင်ရဖို့ အခွင့်အရေး
မရခဲ့ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now