Chapter-597

6.4K 1.3K 132
                                    

//Unicode//

အပိုင်း ၅၉၇- မြွေပါသားရဲ

ထိုနေ့ပြီးနောက်တွင် လင်းရှောင်သည်
တံခါးပိတ်ကျင့်ကြံသွား၏။

ကျောက်ဟွားကျီကို အချိန်တစ်ခုလောက်ထိ
စားရဦးမည်မဟုတ်မှန်း လင်းရှောင်ကသိနေ၍
တံခါးပိတ်ကျင့်ကြံတာမှန်း ယူရှောင်းမို
ခန့်မှန်းမိပေသည်။

သို့သော်လည်း နှလုံးသားအကြောဆေးလုံးတစ်လုံး
သန့်စင်ဖို့အတွေးရှိနေ၍ သစ်တောထဲ ပြန်သွားပြီး
အမောက်နီကြက်ဆင်ဖမ်းချင်စိတ် သူ့မှာ
မရှိချေ။

နှလုံးသားအကြောဆေးလုံးသည် သက်တန့်
အဆင့်သုံး မှော်ဆေးလုံးဖြစ်၏။ ၎င်း၏အဆင့်က
အဆင့်သုံးမှော်ဆေးလုံးများ အကြားတွင်
အတော်လေးမြင့်မားပြီး အသုံးပြုပုံများစွာရှိသည်။
ပထမ အကျိုးမှာ နှလုံးသားနှင့် ချီစွမ်းအင်ကို
တည်ငြိမ်စေနိုင်ခြင်းဖြစ်သည်။ ဤဆေးလုံးကို
မှော်ဆရာများ အသုံးပြုသည့်အခါ ဆေးလုံး
သန့်စင်ရာတွင် အောင်မြင်နိုင်ခြေနှုန်း၊ အထူးသဖြင့်
လူသားအဆင့်လွန် မှော်ဆေးလုံးများသန့်စင်ရာတွင်
အောင်မြင်နိုင်ခြေနှုန်းကို မြင့်တက်စေသည်။

ဒုတိယ အကျိုးမှာ ၎င်းက မရီဒီယန်များကို
ကြံ့ခိုင်စေခြင်း၊ ကာကွယ်ပေးနိုင်ခြင်းဖြစ်၏၊
ဖန်ခွက်အပေါ် သံမဏိတစ်လွှာ ဖုံးအုပ်လိုက်
သလိုမျိုးပင် ဖြစ်သည်။ မရီဒီယန်(စွမ်းအား
သိုလှောင်ရာ)များအတွင်း ပြင်းထန်သည့်အား
အသုံးပြုသည့်အခါ တန်ပြန်ဒဏ်မခံရစေအောင်
လုပ်ပေးနိုင်သည်။

ဤအမျိုးအစား မှော်ဆေးလုံးအတွက်
ဆေးလုံးဖော်စပ်နည်းက အနည်းအကျဉ်းသာ
ရှိမြဲပင်ဖြစ်သည်။ ယူရှောင်းမိုက ကျောက်စိမ်း
ပေလွှာထဲ မိနစ်အတော်ကြာအောင် မွှေနှောက်
ရှာဖွေပြီးတော့မှ ဖော်စပ်နည်းအနည်းငယ်သာ
တွေ့ခဲ့ရကာ နောက်ဆုံး နှလုံးသားအကြော
ဆေးလုံးကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။

နှလုံးသားအကြောဆေးလုံးက တိုက်တိုက်ဆိုင်ဆိုင်
အဆင့်သုံးမှော်ဆေးလုံးဖြစ်နေပြီး
ဆေးဖော်စပ်နည်းများထဲတွင် အဆင့်အမြင့်ဆုံးလည်း
ဖြစ်နေသည်။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆို နှလုံးသား
အကြောဆေးလုံးတစ်လုံး သန့်စင်ဖို့ မခက်ပေ၊
သို့ပေမဲ့ လိုအပ်သည့် မှော်ဆေးပင်အချို့မှာ
အခုထိ မရင့်သေးပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now