Chapter-649- ပူးပေါင်းခြင်း

4.9K 1K 7
                                    

Unicode
အပိုင်း ၆၄၉- ပူးပေါင်းခြင်း

ယူရှောင်းမိုနဲ့လင်းရှောင်တို့ ကူမာမျိုးနွယ်စုမှ
ထွက်ကာ ရွှေ့ရှီမျိုးနွယ်စုသို့ အသော့နှင်ကြသည်။
ရလဒ်အနေနဲ့ကတော့ ကူမာမျိုးနွယ်စုအား
သစ္စာဖောက်ပြီးနှင့်ပြီဖြစ်သော ရှယင်နှင့်
မမျှော်လင့်ထားစွာ သွားတိုးလေသည်။

ရှယင်မှာ သူတို့ကိုမြင်သော် အရင်တစ်ခါတုန်းက
သူတို့အပေါ် အပြစ်လွှဲချဖူးတာနှင့် တုံ့ယွီမြို့မှာ
ဖြစ်ခဲ့သည့်အဖြစ်အပျက်တို့အား ပြန်အမှတ်ရသွား
သည်။ လင်းရှောင်က သူတို့နှင့်
မငြိစွန်းလိုသောကြောင့်သာမဟုတ်လျှင် ယခုဆို
သူတို့နှစ်ဖက် ရန်သူများဖြစ်နေလောက်ပေပြီ။

မော့ချီရှစ်ယွမ်မှာလည်း နေရာမှာတင် ချွေးများ
လက်နဲ့အပြည့်သုတ်လိုက်ရသည်။

ပင်လယ်အောက်တွင် သူနှင့်ဆုံခဲ့သည့်
ယူရှောင်းမိုနဲ့လင်းရှောင်တို့က သူ့သားရဲ့မိတ်ဆွေ
တွေဟု သိလိုက်ရကတည်းက သူ့မှာ အချိန်
အတော်ကြာအောင် ပူပန်နေခဲ့ရသည်။

သူတို့ကြား ရန်ကြွေးမရှိဘူးဟု ပြောလို့မရဘူး
မဟုတ်ပါလား၊ ရန်ကြွေးက ရှိပေမဲ့
တအားမကြီးတာသာရှိသည်။ လင်းရှောင်နှင့်
ယူရှောင်းမိုတို့သာ ပြန်လက်စားချေချင်ခဲ့ပါက
သူ့သားလေးနဲ့ပတ်သက်မှုကို အသုံးချလို့ရသည်။

သို့သော်ငြားလည်း သူတို့လာရသည့်ရည်ရွယ်ချက်ကို
သိရပြီးနောက်မှာတော့ မော့ချီရှစ်ယွင်မှာ လန့်လည်း
မလန့်တော့သလို ပျော်လည်းမပျော်တော့ပေ။
ကြည့်ရသည်မှာ သူတို့က ရှေ့ကရန်ကြွေးများအား
စွန့်ပစ်၍ ဖြစ်ခဲ့ပြီးတာတွေကို ပြန်အစမဖော်ဖို့
ဆုံးဖြတ်ထားပုံပင်။ ထိုသို့ဆိုလျှင် အင်မတန်
ကောင်းလှပေသည်၊ ဒီတစ်ခုကလွဲလို့....

"ကူမာမျိုးနွယ်စုနဲ့ပူးပေါင်းထားတဲ့ အင်အားစုက
ပင့်ကူနက်ဆိုတာသေချာရဲ့လား"

ရှီကျင်း၏လက်ရှိအခြေအနေအကြောင်း
မော့ချီရှစ်ယွမ်လည်း ကြားထားပေသည်။
ပင့်ကူနက်ဆိုသည်က ဉာဏ်နီဉာဏ်နက်များသော၊
ယုတ်မာရက်စက်သော လှည့်ကွက်များအပြည့်နှင့်
အင်မတန်စွမ်းအားကြီးသည်။ ယခင်က အမြဲတမ်း
အမှောင်ထဲမှာသာ ပုန်းအောင်းနေခဲ့ကြသည်၊
သို့ပေမဲ့ယခု အလင်းထဲပေါ်ထွက်လာခဲ့တော့လဲ
ဘယ်သူကမှ သူတို့ကိုသိနားမလည်နိုင်ကြသေးချေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now