Chapter-656

5.7K 856 41
                                    

Scroll down for Zawgyi.

အပိုင်း ၆၅၆- ပြိုကျခြင်း

မြေအောက်အနက်ပိုင်းရှိ ငလျင်သည် မြေပေါ်ရှိ
ဘိုးဘေးခန်းမဆောင်အား သက်ရောက်မှု
မဖြစ်စေခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော်
၎င်းဖြစ်ပွားချိန်တွင် ခန်းမဆောင်မှာ
ကျူးကျော်လာသောအနက်ဝတ်နှင့်လူ၏
ဖျက်ဆီးခြင်း ခံလိုက်ရသောကြောင့်ပင်။

ဘိုးဘေးခန်းမဆောင်အား စောင့်ကြပ်သည့်
အကြီးအကဲများသည် အနက်ဝတ်နှင့်လူနှစ်ဦး
တွေ့ရှိခဲ့ကြ၏။ မူလက သူတို့ကို တစ်ဖွဲ့တည်းဟု
ထင်ထားသော်လည်း မဟုတ်တာကို မကြာမီမှာ
သဘောပေါက်သွားရသည်။ ဘိုးဘေးခန်းမဆောင်မှာ
နောက်မှဝင်လာသည့်လူ၏ဖျက်ဆီးခြင်း ခံလိုက်ရတာ
ဖြစ်သည်။ ကြီးမားထည်ဝါသော
အဆောက်အဦကြီးသည် မျိုးနွယ်စုဝင်များရှေ့တွင်
တအိအိပြိုကျသွားခဲ့သည်။

နှစ်သန်းပေါင်းများစွာ ဝတ်ပြုလာခဲ့ခြင်းများ၊
ရွှေ့ရှီမျိုးနွယ်စု၏ ဘိုးဘေးများ အားလုံးတို့မှာ
ယခုတွင် အပျက်အစီးများအောက်၌ နစ်မြုပ်သွားကြ
လေပြီ။

အကြီးအကဲများ ဒေါသပုန်ထကုန်ပြီး
အခြေအနေက ပိုမို၍ ထိန်းမရဖြစ်လာတာ
တွေ့ကြရသောအခါ မော့ချီရှစ်ယွမ်ဆီ သတင်းပို့
ခိုင်းလိုက်ကြတော့သည်။

အနက်ဝတ်လူနှစ်ဦးမှာ အံ့ဖွယ်ကောင်းလောက်စွာ
သန်မာကြပြီး သူတို့က ကြယ်အပွင့်နိမ့်
သော်ငြားလည်း နတ်ဘုရားအဆင့်များဖြစ်ကြတာကို
ရွှေ့ရှီမျိုးနွယ်စုဝင်များ တွေ့ရှိခဲ့ကြရသည်။
သို့သော်လည်း မျိုးနွယ်စု၏စွမ်းအားကြီး
ပုဂ္ဂိုလ်အများစုမှာ အခြားစစ်ပွဲတစ်ပွဲတိုက်နေရတာ
ဖြစ်၍ ကျန်ခဲ့သူများမှာ ဧကရာဇ်နှင့်
နတ်ဒေဝါအဆင့်များသာ ရှိကြသည်။ မည်သူမှ
သူတို့ပြိုင်ဖက် မဖြစ်နိုင်ပေ။

အနက်ဝတ်လူများသည် ထိုမျှနှင့်မရပ်တန့်ပေ၊
သူတို့ အစစ်အမှန်ရည်ရွယ်ချက်က ဘိုးဘေး
ခန်းမဆောင်အောက်ရှိ အဆင့်လွန်စိတ်မျက်လုံး
ဖြစ်သည်။ ညအနည်းငယ် စမ်းသပ်ပြီးနောက်၌
၎င်း၏တည်နေရာကို သူတို့ သေချာနေပြီဖြစ်သည်။

အနက်ဝတ်လူနှစ်ဦးကိုရှာရန် လူတိုင်း ကြိုးပမ်းနေ၍
မျိုးနွယ်စုတစ်ခုလုံး ယောက်ယက်ခက်နေကြချိန်
တတိယလူတစ်ယောက် လျှို့ဝှက်စွာ
ဝင်လာလေသည်။ သူ့ပစ်မှတ်ကမူ အဆင့်နိမ့်
ကောင်းချီးငါးဖြားစိတ်မျက်လုံးရှိရာ မျိုးနွယ်စု၏
အနောက်ဘက်တောင်ကိုဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now