Chapter-598

6.8K 1.3K 155
                                    

Special thanks to 'lovetoeatbaozi'.
__________________________________

//Unicode//

အပိုင်း ၅၉၈- လာလည်ခြင်း

ကြွက်သားရဲများက သူတို့ဘုရင်အတွက်
စိတ်အားထက်သန်စွာ ဟစ်ကြွေးကြသည်။
ပြွတ်သိပ်ခတ်နေသည့် ကြွက်အုပ်တစ်အုပ်၏
တကျွိကျွိအော်သံများက အဆတစ်ရာခန့်
ပိုကျယ်နေပုံပေါ်ပြီး လူတစ်ယောက်ကို
ခေါင်းထဲတဝီဝီဖြစ်လာစေသည်အထိ ဆူညံနေလေ
သည်။

ယူရှောင်းမိုက အိမ်အရှေ့ဘက်မှာဖြစ်၏။
သူက ဆေးလုံးသန့်စင်ခြင်း အလယ်မှာဖြစ်ပြီး
ဆေးလုံးဖြစ်တည်တော့မည့် နောက်ဆုံးအဆင့်ကို
ရောက်နေသည်။ မနေနိုင်စွာ
မျက်မှောင်ကျုံ့လိုက်မိ၏။ အနှောင့်အယှက်
ဖြစ်စေမည့်အရာအားလုံးကို မခံစားတတ်အောင်
နေတတ်ပြီဆိုသော်ငြား သူ့နားဘေးမှာ
တစ်ချိန်လုံးရှိနေသည့် အသံမျိုးကိုမူ
လျစ်လျူရှုရခက်နေလေသည်။

ဤအခြေအနေကို သတ္တုစားသားရဲလေးက
ကောင်းကောင်းသတိထားမိပြီး နက်ရှိုင်း၍
ခြိမ်းခြောက်ဟန်အသံတစ်သံ ၎င်း၏ပါးစပ်မှ
ထွက်ပေါ်လာသည်။ လူသားအဆင့်လွန်
နတ်ဆိုးသားရဲတစ်ကောင်၏ဖိအားက
တောအုပ်ရှိရာဘက်သို့ လှိုင်းလုံးများသဖွယ်
ပျံ့နှံ့လို့သွားသည်။ ကြွက်သားရဲများ၏
ဆက်တိုက်ထွက်ပေါ်နေသော ကျွိကျွိအသံက
ရုတ်ခြည်းရပ်တန့်သွားတော့သည်။

မျိုးနွယ်နိမ့်သည့် ကြွက်သားရဲများသည်
မျိုးနွယ်ပိုမြင့်သည့် သားရဲများနှင့် ရင်ဆိုင်
တွေ့ရသောအခါ သူတို့ခွန်အားကိုမဆိုထားနှင့်
ဖိအားတစ်ခုတည်းကတင် ခုခံရန်စိတ်ကူးကို
လက်လျှော့သွားစေဖို့ လုံလောက်လေသည်။

မြွေပါသားရဲသည် ၎င်းလက်ထဲရှိ သတ္တုတူကြီးကို
ဝင့်ကာ ၎င်း၏ပုံရိပ်က မျက်စိတစ်မှိတ်အတွင်းမှာ
မီတာနှစ်ဆယ်ကျော် ရွေ့လျားသွား၏။
၎င်းက ရန်လိုနေသောအမူအယာဖြင့်
သစ်သားအိမ်လေးဆီ ချဉ်းကပ်သွားသည်။

သတ္တုစားသားရဲလေးက အမိုးပေါ်မှ ခုန်ချလာပြီး
၎င်း၏ကိုယ်လုံးသေးသေးလေးက ပြန့်ကားသွား
သည်။ ၎င်းက ရွှေရောင်တောက်ပြီး နေလုံး
သေးသေးလို မျက်စိကျိန်းလောက်ပေမဲ့
မြွေပါသားရဲက သူ အရွယ်ကြီးလာတာကို
အရေးမထားချေ၊ ဘာလို့ဆို သူ့မူလအရွယ်ကို
ပြန်ရောက်သွားသည့် သတ္တုစားသားရဲလေးမှာ
မီတာဝက်ပင်မရှည်သောကြောင့် ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now