Chapter-651- စာအုပ်တိုက်

6.5K 923 20
                                    

Scroll down for Zawgyi.

အပိုင်း ၆၅၁- စာအုပ်တိုက်

တုံကျိုးရှိအခြေအနေက ပြင်းပြင်းထန်ထန်
ပြောင်းလဲခြင်းမရှိသဖြင့် ပြောင်းလဲမှုများက
တည်ငြိမ်သောအလျင်ဖြင့် စတင်ရွေ့လျားနေပြီ
ဖြစ်တာကို အခြားအင်အားစုကြီးများ မရိပ်မိကြ
သေးပေ။ သို့ပေမဲ့လို့ ယခုလောလောဆယ်မှာတော့
သူတို့အပူနဲ့သူတို့ မအားလပ်နိုင်ကြ၍
အခြားသူများကို ထည့်တွက်ဖို့ခွန်အား
ရှိဦးမှာမဟုတ်ပေ။

ဇူးမား၏ရောက်ရှိလာမှုက ကူမာမျိုးနွယ်စုအား
ယုံကြည်ချက်ပိုရှိလာစေသည်။

သူတို့၏ယခင်ကအပျိုစင်မှာ မည်မျှသန်မာကြောင်း
သူကိုယ်တိုင်တောင်မှ ပြောနိုင်ခြင်းမရှိတာကို
မော့မာတစ်ယောက် တွေ့ရှိခဲ့ရသည်။ သူမ တုံကျိုးမှ
ထွက်သွားခဲ့စဉ်က မော့မာတွေးမိခဲ့သည်မှာ
နှမြောစရာပဲဟူ၍၊ သို့ပေမဲ့ ထို့နောက်မှာပဲ ရှယင်
ပေါ်လာခဲ့ရာ ဤအပျိုစင်အကြောင်းကို သူမေ့လျော့
သွားတော့သည်။

ယခု ပြန်လည်တွေးတောကြည့်တော့မှ မော့မာ
တစ်ယောက် နောင်တရနေတော့သည်။

ဇူးမားက ဤမျှစွမ်းအားကြီးလာမည်မှန်း
သူသိခဲ့ပါလျှင် သူမအား သွားခွင့်ပြုခဲ့မည်မဟုတ်ပေ။
ယခုတော့ သူမက သူတို့၏မြင့်မြတ်အပျိုစင်
ဖြစ်နေရမည့်အစား ပင့်ကူနက်၏ကိုယ်စားလှယ်
တစ်ဦးအနေဖြင့် ကူမာမျိုးနွယ်စုကို လာရောက်
ကူပေးနေသည်။

ဤအတွေးက မော့မာ၏စိတ်အခြေအနေအား
နိမ့်နေစေလေတော့သည်။

______

ရွှေ့ရှီမျိုးနွယ်စု၊ ကောင်းချီးငါးဖြာစိတ်မျက်လုံး
နေရာ၌။

သူတို့နှစ်ယောက် စိတ်မျက်လုံးသို့ ဒုတိယအကြိမ်
လာရောက်တာ စတုတ္ထမြောက်ရက်မှာဖြစ်သည်။
စိတ်မျက်လုံးမှာ လင်းရှောင်၏အတားအစီးအစီအရင်
ရှိနေသဖြင့် ယခုအတွက် ဘယ်သူမှ လာမစောင့်ကြပ်
လျှင်တောင် အဆင်ပြေသည်။

ယူရှောင်းမိုက စိတ်မျက်လုံးဘေး ဆောင့်ကြောင့်
ထိုင်ချလိုက်သည်။ အရင်နှစ်ရက်လုံးလုံး
သူ့ရှစ်ရှုန်းများနှင့် စကားဝိုင်းဖွဲ့နေခဲ့၍ လင်းရှောင်
ဘာတွေလုပ်နေလဲ မသိရသေးပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now