Chapter-658

3.6K 690 47
                                    

Scroll down for Zawgyi.

အပိုင်း ၆၅၈- ကန့်လန့်ကာချခြင်း

ကူမာမျိုးနွယ်စုနှင့် ရွှေ့ရှီမျိုးနွယ်စုတို့အကြား
စစ်ပွဲက အင်မတန်မှ အပျက်အစီးအဆုံးအရှုံးများလှ
သည်။  စစ်မြေပြင်ဝယ် အလောင်းများ ပျံ့ကြဲလျက်
ရှိကာ နှစ်ဖက်စလုံး အထိနာခဲ့ကြသည်။

လင်းရှောင် ဝင်ရောက်လာ၍ ဖြူစင်မြင့်မြတ်သော
ကြာပန်းဖြူ ဇူးမားကို မျိုးနွယ်စုကြီးသုံးခု၏
စွမ်းအားကြီးပုဂ္ဂိုလ်များ ရှေ့မှောက်တွင်
အနိုင်ယူခဲ့သည့်နေ့ ပြီးနောက်၌ ဇူးမား၏
ကျင့်ကြံဆင့်မှာ လူတိုင်းသိထားကြသကဲ့သို့
အဆင့်ခြောက် မဟုတ်တော့သည်မှာ သေချာလာခဲ့
သည်။

လင်း​ရှောင်သည် သူမအား အစွမ်းကုန်ထုတ်သုံးစေ
ခဲ့ပြီး သူမ၏ကျင့်ကြံဆင့်ဟာလည်း အဖော်ထုတ်ခံခဲ့
ရသည်။

သူမသည် အဆင့်ခုနစ်မှော်ဆရာလုံးလုံး
မဟုတ်သော်ငြားလည်း အဆင့်ခုနစ်မှော်ဆရာ
အဆင့်သို့ ခြေလှမ်းဝက်မျှ ဝင်နေပြီဖြစ်ပြီး
လင်း​ရှောင်နှင့်တူညီလုနီးပါးရှိသော ကြယ်ခြောက်ပွင့်
နတ်ဒေဝါအဆင့်မှာ ရှိသည်။

သို့သော်လည်း ဇူးမား မိမိကိုယ်ကိုယ်ယုံကြည်မှု
လွန်ကဲနေရခြင်း၏ အကြောင်းရင်းခံမှာ ဤအချက်
မဟုတ်ပေ။ လင်းရှောင်က သူမ ပြိုင်ဖက်
မဖြစ်နိုင်ဘူးဟု ခံစားရခြင်းမှာ ထုံထျန်းဧကရာဇ်နှင့်
တိုက်ပွဲကြောင့်ဖြစ်၏။

ထုံထျန်းဧကရာဇ်က အလွန်စွမ်းအားကြီးသည်။
ထိုအချိန်က လင်းရှောင် ပြန်ဆုတ်နိုင်ခဲ့ခြင်းမှာ
သူ့ကိုယ်ပိုင် ပိုင်နက်ကို ဖောက်ခွဲပစ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။ သူတို့အဆင့်ရှိ လူများအတွက်
ပိုင်နက် အဖျက်ဆီးခံရလျှင် ခံရမည့် တန်ပြန်ဒဏ်က
အဆများစွာ များပြားသည်။ ပိုင်နက်ကို ပြန်လည်
ကျင့်ကြံရန် အချိန်လိုအပ်သဖြင့် လင်းရှောင်၏
ဒဏ်ရာများ အရှင်းမပျောက်သေးဘူးဟု သူမက
နိဂုံးချုပ်လိုက်တာ ဖြစ်သည်။ ပိုင်နက်မရှိဘဲနှင့်
သူ၏ စွမ်းအားက ကြီးမားစွာ လျော့နည်းသွားလိမ့်
မည်။

ထိုစစ်ပွဲ၏သက်ရောက်မှုက ကြီးမားလွန်း၍
လူများစွာ သတင်းများ ရခဲ့ကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now