Chapter -661

3.7K 674 15
                                    

Unicode

အပိုင်း ၆၆၁-အဆင့်ရေ

ယူ​ရှောင်းမို တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်
အခါ လူတိုင်း ခန်းမထဲ ရှိနေတာ တွေ့လိုက်ရသည်။

ယခုအချိန်အထိတောင်မှ သူ့ရဲ့ချုံးအသင်းက
အပြည့်အဝ မစုံသေးပေ၊ သို့သော် လူအတော်
များများတော့ ရှိနေပေသည်။ လူတိုင်းနီးပါး
ရောက်နေကြကာ ဆရာတူအစ်ကိုနှစ်ယောက်နှင့်
အပေါစားအဖေတို့ရော ရှိနေပြီး တစ်စုံတစ်ခု
ဆွေးနွေးနေကြပုံပေါ်သည်။ သူ ထွက်လာတာ
မြင်သည့်အခါ လူတိုင်း စကားပြောနေတာ
ရပ်သွားကြလေသည်။

မျက်လုံးပေါင်းများစွာရဲ့ စိုက်ကြည့်ခြင်းခံလိုက်ရ
သောအခါ ယူရှောင်းမို ချက်ချင်းပဲ နည်းနည်း
နေရခက်သွားသည်။ သူက ချောင်းဟန့်၍
ခန်းမထဲက လေးလံနေသောလေထုကို ဖြိုခွဲလိုက်၏။

"ဘာအကြောင်းပြောနေကြတာလဲ"

ယူကျွင်းချီက မဆိုင်းမတွ မျက်နှာလိုမျက်နှာရ
ပြန်ဖြေလာ၏။

"သားလေး ဖေကြီးတို့က ထုံထျန်းရဲ့ လက်ရှိ
အခြေအနေအကြောင်း ပြောနေကြတာ။
လာနားထောင်ပါ့လား"

ယူရှောင်းမို စိတ်ဝင်စားသွားသည်၊ လက်ရှိ
ရှီကျင်းရဲ့အခြေအနေများကို သူ သိရပေမယ့်
တောင်ပိုင်းတိုက်မကြီးဘက်က အကြောင်းတွေ
ကိုတော့ သိပ်မရှင်းပေ။ သို့ပေမယ့်လည်း
ချန်မဟာမိတ်ဘက်က အသာစီးရနေသင့်ပေသည်။

ယူကျွင်းချီက သူဘယ်လောက်တော်သော
အဖေတစ်ယောက်လဲဆိုတာ ပြရန် သူ့သားလေး
ထိုင်ဖို့အတွက် ဘေးသို့ တမင်နေရာရွှေ့ပေးလိုက်၏။

ယူရှောင်းမိုက မူလက လင်း​ရှောင်ရဲ့ဘေး ထိုင်ခဲ့ချင်
ပေမယ့် ဒီမြင်ကွင်းကိုမြင်တော့ ရုတ်တရက်
နည်းနည်းရှက်လာတာကြောင့် ဖြေးဖြေးချင်း
လျှောက်သွားလိုက်သည်။ သူ့အဖေရဲ့
'ရင်ခွင်'ထဲ ပစ်ဝင်ဖို့ လမ်းတစ်ဝက်မှာပဲ
လက်တစ်ဖက်က သူ့ကိုအသာလေး လှမ်းဆွဲလိုက်လေ
သည်။ ထို့နောက် ကျယ်ပြန့်သော ရင်ခွင်တစ်ခုထဲ
အပြည့်အဝ လဲကျသွားပြီး တစ်စုံတစ်ယောက်၏
ပေါင်ပေါ် တစ်ခါတည်း ရောက်သွား၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now