Chapter-600

6.2K 1.3K 197
                                    

//Unicode//

အပိုင်း ၆၀၀- 'အမှန်တရား'

ယူရှောင်းမိုက လင်းရှောင်ဆီ အရေးပေါ်
အချက်ပြလိုက်သည်။ လင်းရှောင်က
ဝင်မပါချင်သည်မှာ ထင်ရှားလျက်
စကားတစ်ခွန်းမဆိုဘဲ ပြုံးရုံပြုံးပြလေသည်။

ယူရှောင်းမိုမှာ ကိုယ်တိုင်ဆုံးဖြတ်ရုံသာ
တတ်နိုင်တော့သည်။ ရိုးသားအပွင့်လင်းဆုံး
ပြောရလျှင် မြွေပါသားရဲနှင့်စာချုပ်ချုပ်ရန်
တွေးမထားပေ၊ ၎င်းက သူ့ကိုမြွေပါများကို
အမှတ်ရစေသည်။ "ကြက်ကို ရိုသေပြနေတဲ့
မြွေပါမှာ အကြံအစည်တွေရှိတယ်" ဆိုသည့်
စကားပင်ရှိသေးသည်။

(ကြက်က မြွေပါရဲ့ သားကောင်(prey)ဖြစ်သည်)

ဒါပေါ့၊ သူက ကိုယ့်ကိုယ်ကိုယ် ကြက်နဲ့
နှိုင်းပြနေတာမဟုတ်ဘဲ မြွေပါရဲ့အကြံအစည်ကို
ပြောနေခြင်းဖြစ်သည်။ မဟုတ်ရင် ဘာလို့
ရုတ်တရက်လာပြီး သူ့ဆက်နွယ်သားရဲဖြစ်ခွင့်ပေးဖို့
တောင်းဆိုနေရတာလဲ။

နတ်ဆိုးသားရဲတစ်ကောင်သည်
စာချုပ်ချုပ်လိုက်သည်နှင့် လွတ်လပ်မှု
ဆုံးရှုံးသွားပြီဖြစ်၏။ သို့ဖြစ်ရာ ထူးခြားသည့်
အကြောင်းအရင်းတစ်ခုအတွက်မှ မဟုတ်လျှင်
နတ်ဆိုးသားရဲတစ်ကောင်သည် ပုံမှန်အားဖြင့်
စာချုပ်ချုပ်လိုမည်မဟုတ်ပေ။

"ဘာလို့ ငါ့ရဲ့ဆက်နွယ်သားရဲဖြစ်ချင်တာလဲ။
ဘာကြောင့်လဲ"

သူ့မှာ တွေးကြည့်ပြီးနောက် ရှင်းရှင်းလင်းလင်း
ထုတ်ပြောတာပဲကောင်းမည်ဟု ခံစားရလေသည်။
သူ့အခြေအနေက အရင်ကနှင့်မတူတော့ပေ၊
သူ ချုပ်မည့်စာချုပ်တိုင်းကို သတိထားလုပ်ဆောင်
ရမည်ဖြစ်သည်။ မြွေပါသားရဲက
ဘယ်အပြင်လောကနှင့်မှ ဆက်သွယ်မှု
မရှိလောက်အောင် ခေါင်ခိုက်နေသည့်နေရာမှ
ဖြစ်နေ၍သာမဟုတ်လျှင် သူ ချက်ချင်း
ငြင်းပစ်ပြီးလောက်ပြီ။

မြွေပါသားရဲသည် ဆင်ခြေတစ်ခုတွေးထားပြီးသား
ဖြစ်၏။ ၎င်းက လေးနက်ပုံဖြင့်ပြောလိုက်သည်။

"သခင့်အပေါ် ဦးနှောက်မရှိအပြစ်ပြုမိခဲ့တဲ့
အချိန်ကစ ကျွန်တော့်အပြုအမူတွေကို
ပြန်ဆင်ခြင်သုံးသပ်နေခဲ့တာပါ။ ဒီနာကျင်စရာ
အတွေ့အကြုံကနေ သင်ယူခဲ့သလိုပဲ၊
သခင့်ရဲ့ခံ့ညားတဲ့ပုံရိပ်မှာ ဈာန်ဝင်မိသွားပြီး
သခင့်နောက်လိုက်တစ်ယောက် ဖြစ်လာဖို့
ဆုံးဖြတ်ခဲ့တာပါ။ ဒီမဖြစ်စလောက်ဆန္ဒလေးကို
ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်မိပါတယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now