Chapter-605

6.9K 1.2K 36
                                    

//Unicode//

အပိုင်း ၆၀၅- ရေနတ်ဆိုးများ

အဆိပ်အတောက်ဖြစ်စေသောအငွေ့များ
အလယ်တွင် ငွေရောင်တောက်ပနေသော
အမတလိုဏ်ဂူတစ်ခုတည်ရှိနေသည်။ ၎င်းက
အခြားဂူများကဲ့သို့ လူစိမ်းများမမြင်ရလေအောင်
တောင်ထဲမှာဖွက်မထားချေ။ ထိုအစား
ဤလိုဏ်ဂူက လုံးဝဥဿုံပြောင်းပြန်ပဲဖြစ်သည်။

ဤဂူကကိုက်နှစ်ဆယ်ကျော်မြင့်မားပြီး တစ်ခုလုံးကို
တောက်ပသည့်ခရစ်စတယ်တစ်မျိုးဖြင့်
ပြုလုပ်ထားသည်။ ဖောက်ထွင်းမြင်ရသော
အကာအရံတစ်ခုဖြင့် အပြင်ပိုင်းကိုကာထားပြီး
ပြင်ပမှအရာအားလုံးကို ဟန့်တားထားသည်။
ထူးဆန်းသည့်အချက်မှာ ပိုင်ရှင်ဖြစ်သူက
မှော်ဆေးပင်များအား အကာအရံထဲမှာ
စိုက်ထားခြင်းမဟုတ်တာပင်။

လိုဏ်ဂူနောက်၌ ကြည်လင်နေသောရေကန်တစ်ကန်
ရှိသည်။ ကန်အနီးတွင် မှော်ဆေးပင်
စိုက်ခင်းကြီးတစ်ခုရှိနေပြီး စိုက်ခင်းထဲမှာ
လူသားအဆင့်လွန်မှော်ဆေးပင်များစွာ
ကြီးထွားရှင်သန်နေသည်။ တစ်နှစ်ပတ်လုံး
အဆိပ်ငွေ့၏တိုက်စားခြင်းကိုခံထားရသောကြောင့်
မှော်ဆေးပင်များ၏အရွက်နှင့်အမြစ်များက
ပြာမွဲမွဲအနက်ရောင်ဖြစ်နေသည်။ နိမိတ်မကောင်းဆုံး
ပုံပေါက်သည့် မှော်ဆေးပင်အခင်း၏အပိုင်းလေးတစ်ခု
ရှိသေးသည်။

ထိုအပိုင်းက နှစ်ကိုက်ခန့်သာကျယ်ဝန်းပြီး ထိုထဲတွင်
လူသားအဆင့်လွန် အဆင့်တစ်မှော်ဆေးပင်များစွာ
ဟိုတစ်စုသည်တစ်စုပေါက်ရောက်နေသည်။
အလယ်တွင်အဖုအထစ်ချိုင့်ခွက်တချို့ရှိနေသော်လည်း
ဘယ်သူကမှအာရုံမထားကြပေ။ သူတို့အာရုံကို
မှော်ဆေးပင်များ၏ပုံသဏ္ဍာန်က 
အလုံးစုံဆွဲဆောင်ထားလေသည်။

ဤမှော်ဆေးပင်က အရွက်သုံးရွက်သာပါရှိသည်။
တစ်ချက်ကြည့်လိုက်လျှင် အရွက်တိုင်း၏
ပုံသဏ္ဍာန်က လူအရိုးခေါင်းနှင့်ဆင်သည်။
အရွက်ကငွေမီးခိုးရောင်ဖြစ်ပြီး ထိပ်ပိုင်းမှာ
မျဉ်းပါးလေးများဖြင့်အနားသတ်ကာ
အရိုးခေါင်းတစ်ခု၏မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့နှင့်
အလွန်ဆင်တူသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now