Chapter-623-အိမ်နီးချင်းများ

6.1K 1.2K 32
                                    

//Unicode//
အပိုင်း ၆၂၃- အိမ်နီးချင်းများ

သားရဲအသွင်ပြောင်းလဲခြင်းအဖွဲ့အစည်းနှင့်
မှော်ဆရာအစည်းအရုံးမှလူများအား ပြန်သွားပြီဟု
ယူရှောင်းမိုထင်ထားခဲ့တာဖြစ်သည်။ ယခု
တစ်ခေါက်တွင် သူတို့အဖွဲ့များက မသိမသာ
လှုပ်ရှားခဲ့တာဖြစ်ပြီး စောစောကဖြစ်ရပ်မှာတောင်
ပါဝင်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်ရာ သူတို့အား
မည်သူကမှအာရုံမထားမိကြပေ။

ထျန်းကုံကတော့ လာခဲ့ပုံပေါ်ပေမဲ့ သိုသိုသိပ်သိပ်သာ
လှုပ်ရှားခဲ့ပြီး ယူ​ရှောင်းမို မြင်တောင်မမြင်ရသေးခင်
ထွက်သွားနှင့်ကြပြီဖြစ်သည်။

သားရဲအသွင်ပြောင်းခြင်းအဖွဲ့အစည်း၏
ကိုယ်စားပြုသူက ယူရှောင်းမိုသိသူမဟုတ်ပေ။
သူက အဘိုးအိုရှန်၏ရှစ်တိ ရှစ်ပုယုံဟူသော
အဘိုးအိုတစ်ဦးဖြစ်သည်။ အခြားသူများမှာမူ
ထုံထျန်းနန်းတော်ပြိုင်ပွဲအတွက် ပြင်ဆင်ရင်း
အလုပ်ရှုပ်နေကြသဖြင့် ကျုံးယဲ့နှင့်
ချောင်ဝူရှင်းတို့တတွေ ပါမလာပေ။ ဒါက
နည်းနည်းနှမြောဖို့ကောင်းပေမဲ့လည်း မတတ်နိုင်ပေ။

ရှစ်ပုယုံက စကားပလ္လင်မခံဘဲ သူ့ရည်ရွယ်ချက်ကို
တန်းပြောသည်။ အံ့ဩဖို့မကောင်းစွာပင် ၎င်းက
ထုံထျန်းနန်းတော်ပြိုင်ပွဲနှင့်ပတ်သက်သည်။
ရှောင်ယောင်တက္ကသိုလ်ကျောင်းသားတစ်ယောက်
အနေဖြင့် ယူရှောင်းမိုက ပြိုင်ပွဲတွင်ပါဝင်ရမည်ဟု
လာပြောသည်ဟု အနည်းနှင့်အများမှတ်ယူလို့
ရသည်။ ၎င်းက တောင်းဆိုနေတာမဟုတ်ပေ။

ရှောင်ယောင်တက္ကသိုလ်သည် ကျောင်းသားများနှင့်
ပတ်သက်၍ စည်းကမ်းမတင်းကြပ်ဘဲ
သူတို့လွတ်လပ်ခွင့်ကို ချုပ်ကိုင်မထားဘူးဆိုသော်ငြား
၎င်းက သင်ထွက်သွားချင်တိုင်းထွက်သွားလို့ရသည့်
နေရာမဟုတ်ပေ။

ရှောင်ယောင်တက္ကသိုလ်၏နာမည်ပျက်စာရင်းထဲ
ရောက်လို့မရဘူးဆိုတာ ယူရှောင်းမိုသိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ယောင်တက္ကသိုလ်က
သူ့အတွက် နေထိုင်စရာနဲ့ကျင့်ကြံစရာနေရာတစ်ခု
ပေးထားသည်ပင်၊ ထို့အပြင် သူ့ကတ်ထဲမှာလည်း
အသုံးမပြုရသေးသည့် အမှတ်အနည်းငယ်
ကျန်နေသေးသည်။ ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက်
သဘောတူလိုက်တော့သည်။ ပြန်မသွားဖို့
စိတ်ကူးထားတာလည်းမဟုတ်ပေ။ အခြေအနေကို
အရင်ဆုံးသိထားတာကကောင်းသည်ပင်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now