Chapter-662

10.2K 855 108
                                    

Unicode

အပိုင်း ၆၆၂- ကောလဟလများ

နောက်လအနည်းငယ်မှာ ယူရှောင်းမိုက
နေရာနှစ်ခုကို သွားလိုက်ပြန်လိုက်နဲ့သာ
ကုန်ဆုံးခဲ့သည်။

နောက်ကျလျှင် အဆင့်ခြောက်ကို လွယ်ကူစွာ
ချိုးဖျက်နိုင်ဖို့အတွက် အဆင့်ငါးကို
ငြိမ်အောင် အချိန်လဝက်ကြာ အသုံးပြုခဲ့သည်။
ကျင့်ကြံခြင်းကဲ့သို့ ကိစ္စမျိုးက အရမ်းကြီး
စိတ်မရှည်ဖြစ်လို့ မရပေ။  တည်ငြိမ်စွာနဲ့
တိုးတက်အောင် ပြုလုပ်ဖို့က
အဓိကသော့ချက်ပဲ ဖြစ်သည်။

ရွှေ့ရှီမျိုးနွယ်စုက ရခဲ့တဲ့ ကျောက်စိမ်းစာလိပ်များကို
စာအုပ်တွေထဲ ကူးရေးဖို့ ယူရှောင်းမို တစ်စုံ
တစ်ယောက်ကို ပြောထားသည်။ အခွင့်အရေး
များများစားစား ရှိလိမ့်မှာမဟုတ်ဘူးလို့ ထိုစဉ်တုန်းက
တွေးမိခဲ့တာကြောင့် သူ စာလိပ်များစွာ
အသုံးပြုခဲ့သည်။ စာလိပ်တစ်ခုတိုင်းမှာ
အချက်အလက်ပမာဏများစွာ ပါရှိပြီး ရှေးစစ်ပွဲကြီး
မတိုင်မီ အချက်အလက်များလည်း ပါရှိသည်။

ယူရှောင်းမိုက ကိုယ်ပိုင်စာကြည့်တိုက်တစ်ခု ထားဖို့
အစီအစဉ်ရှိပြီး စာအုပ်စင်များကိုဖြည့်ဖို့
စာအုပ်များစွာ လိုနေတယ်ဟု ဖူကျစ်လင်းဆီကနေ
ဖန်ချန်းလဲ့ ကြားခဲ့ရတုန်းက သူက ဒုတိယအထပ်မှာ
ခဏသာ နေခဲ့ပေမယ့် ကျောက်စိမ်းစာလိပ်ထဲ
အချက်အလက်များစွာ ကူးထည့်လာခဲ့သည်။

အချို့အချက်အလက်များက ထုတ်ဖော်ပြလို့မရရာ
ယူရှောင်းမိုက ထျန်းသောက်ဆီ အထူးတလည်
သွားပြီး အသိတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့
တောင်းဆိုခဲ့သည်။

ထျန်းသောက်ဟာလည်း သင့်လျော်သူတစ်ယောက်နှင့်
အမှန်ပင် သိလေသည်။ ထိုသူက စာအုပ်
စုဆောင်းရတာကို စွဲလမ်းပြီး ကိုယ်ပိုင်
စာကြည့်တိုက်ကြီး တစ်ခုရှိကာ အပြင်လူများကို
အလွယ်တကူ ပြမည်မဟုတ်ပေ။ သို့သော်လည်း
သူက သူ့စာအုပ်တွေကို ယူရှောင်းမို ကြည့်ဖို့အတွက်
လိုအပ်တာတစ်ခုရှိသည်။

သူက ယူရှောင်းမိုကို စာအုပ်များကို အလကား
ကူးယူခွင့်ပြုနိုင်သည်၊ သို့သော် ယူရှောင်းမိုက
ကျောက်စိမ်းစာလိပ်ထဲက အချက်အလက်ကို သူ့ကို
ပေးရမည်ဖြစ်လေသည်။ ကြည့်ရတာတော့
အထဲက အချက်အလက်တစ်ချို့က
သူ့စာကြည့်တိုက်မှာ မရှိသေးလို့ပဲ ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 23, 2022 ⏰

Add this story to your Library to get notified about new parts!

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now