Chapter-616

5.3K 1.1K 35
                                    

//Unicode//
အပိုင်း ၆၁၆- မမျှော်လင့်ထားသောအံ့ဩဖွယ်ရာ

စိတ်ဝိဉာဉ်တောင်၏ကောင်းကင်လှေကားထစ်များမှာ
မက်မွန်ပွင့်အရပ်အပျက်အစီးများ၏
ကျော်ကြားသော သဘာဝရှုခင်းဖြစ်သည်။
တောင်အောက်မှ တောင်ထိပ်သို့ လှေကား
တစ်ခုသာရှိလေသည်။ လှေကားထစ်ပေါင်း
သောင်းချီဖြင့်ဖွဲ့စည်းထားသော်လည်း မည်သူမျှ
မရေတွက်နိုင်သဖြင့် အတိအကျကိုတော့မသိရပေ။
အဘယ့်ကြောင့်ဆိုသော် လှေကားထစ်
တစ်လျှောက်တွင် လူသားတို့၏စိတ်ခံစားချက်နှင့်
ဆန္ဒများကိုပစ်မှတ်ထားသော ထောင်ချောက်နှင့်
စိန်ခေါ်မှုများစွာရှိနေသောကြောင့်ဖြစ်၏။
လူတစ်ယောက်လျှောက်သွားသရွေ့ သူတို့က
ထိပ်သို့ဦးတည်နေခြင်းဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင်
နတ်ဘုရားဆီသို့ တိုက်ရိုက်သွားရာလမ်းဖြစ်သွားမည်
ဖြစ်သည်။

မကြာသေးမီက ကောင်းကင်လှေကားထစ်ကို
စိန်ခေါ်သူတစ်ယော​က်ရှိခဲ့၏၊ သို့သော်လည်း
ထိုသူ ပြုတ်ကျသေဆုံးသွားတာကိုမြင်ခဲ့ရသူ
ရှိလေသည်။ လူသားတို့၏စိတ်ခံစားချက်နှင့်
ဆန္ဒဆိုသည်က ဖြတ်ကျော်ဖို့အခက်အခဲဆုံး
အရာများဖြစ်သည်ပင်။ ၎င်းကိုစိန်ခေါ်ရဲသူများက
သူတို့ကိုယ်သူတို့ လွန်စွာမှယုံကြည်ချက်ရှိသူများပင်
ဖြစ်ရမည်။

ရွှေ့ရှီမျိုးနွယ်စု ဤလမ်းကြောင်းကိုရွေးရခြင်း
အကြောင်းအရင်းမှာ စိန်ခေါ်မှုများက
အပေါ်တက်သူများအပေါ်သာ သက်ရောက်မှု
ရှိသောကြောင့်ဖြစ်သည်။ အောက်ဆင်းသူများအပေါ်
သက်ရောက်နိုင်ခြေ တစ်ရာပုံတစ်ပုံခန့်ရှိသော်လည်း
ဤသတင်းအချက်အလက်က ရွှေ့ရှီမျိုးနွယ်စုသာ
သိသည့်အချက်အလက်ဖြစ်သည်။

လွန်ခဲ့သောလဝက်က မော့ချီရှစ်ယွမ်၏နောက်လိုက်
တစ်ဦးသည် တိုက်ခိုက်နေစဉ်
ကောင်းကင်လှေကားထစ်မှပြုတ်ကျသွားခဲ့၏။
ထိုအချိန်တုန်းက သူသေပြီဟု လူတိုင်း
ထင်ထားခဲ့ကြသည်၊ မော့ချီရှစ်ယွမ်တောင်မှ
ထိုသို့တွေးခဲ့သည်၊ သို့ပေမဲ့ သူကပြန်ပေါ်လာပြီး
မော့ချီရှစ်ယွမ်အား လျှို့ဝှက်ချက်ကိုပြောပြခဲ့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now