Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်

6K 1.2K 54
                                    

(Warning- mature content)

Unicode
အပိုင်း ၆၄၂- ခွဲခွာရခြင်းက စိတ်နှလုံးကို
ပိုမိုနှစ်သက်မှုဖြစ်စေသည်။

လင်းရှောင်သည် သူစုပ်ယူထားသောကြောင့်
သုံးပုံတစ်ပုံသာကျန်တော့သည့် စိတ်စွမ်းအင်
ရေကန်ကို လှည့်ကြည့်လိုက်ပြီး သူ့ဇနီးလေးအား
ပြုံးစိစိဖြင့်ကြည့်လိုက်သည်။

"ဘယ်လိုလုပ်မလဲ။ စိတ်စွမ်းအင်ရေတွေနည်းနည်းပဲ
ကျန်တော့တယ်၊ နောင်သုံးတဲ့အခါကျရင်
ခြွေတာသုံးရတော့မယ်။ နှလုံးသားလေးမနာဘူးလား"

ယူရှောင်းမိုက ချက်ချင်းပဲ သွားဖြဲပြုံးကာ
လင်းရှောင်လက်မောင်းအားဖက်၍ ပွတ်သီးပွတ်သပ်
လုပ်လိုက်သည်။

"ခင်ဗျားကိုပေးရတာဆို မနာပါဘူး။ သူများဆိုရင်
တစ်လုပ်တောင်မပေးဘူး"

ဥပမာအားဖြင့် ဝတ်ရုံနက်နှင့်လူအားကြည့်ပါလေ။
သူသည်လည်း ပြင်းထန်စွာဒဏ်ရာရနေခဲ့ပေမဲ့လို့
ယူရှောင်းမိုမှာ စိတ်စွမ်းအင်ရေကန်ထဲသို့
ပစ်မထည့်ရဲပေ။ အသက်ရှင်မည်ဟုသေချာသည်နှင့်
သူ့ကိုနိုးဖို့အခွင့်အရေးတောင်မပေးဘဲ
နယ်မြေထဲကနေ ပစ်ထုတ်လိုက်သည်။ ဒါက
ကွာခြားချက်ပဲလေ။

လင်းရှောင်က နှာခေါင်းလေးကိုဆိတ်လိုက်၏။

"ဒီတစ်ခေါက်ကိုယ်နိုးလာပြီးမှ မင်း ပိုပိုပြီး
ကပ်တတ်လာတယ်လို့ ဘာကြောင့်များ
ခံစားနေရပါလိမ့်။ ချွဲတောင်ချွဲတတ်လာတယ်။
တစ်ခုခု လိပ်ပြာမလုံဖြစ်နေတာလား"

ဤအကြောင်း လင်းရှောင်စွပ်စွဲတာကိုခံရတော့
လိပ်ပြာမလုံနေသည့်အကြောင်းများကို
ယူရှောင်းမိုမှာ မမှတ်မိချင်ဘဲမှတ်မိသွားရသည်။
မူလက သူလည်း ဒီလိုလုပ်ဖို့်မရည်ရွယ်ခဲ့ပေ။
လင်းရှောင်နိုးလာခဲ့တာကို ပျော်မိရုံလေးတင်
ဖြစ်သည်။ ဘယ်လိုပဲနေနေ ဒီတစ်ခေါက်က
ကြွက်သားလေးတစ်ခုတောင်လှုပ်ခြင်းမရှိဘဲနဲ့
လင်းရှောင် သုံးလကြာအောင် ကိုမာဝင်သွားခဲ့တဲ့
ပထမဆုံးအခေါက်ဖြစ်သည်ပင်။ ဒါက
တံခါးပိတ်ကျင့်ကြံတာနဲ့ လုံးဝမတူပေ။

ယူရှောင်းမိုက ယုံကြည်ဖို့မကောင်းစွာ မျက်လုံးများ
ရွှေ့သွား၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Tempat cerita menjadi hidup. Temukan sekarang