Chapter-631-ထူးဆန်းသောအခြေအနေ

4.7K 1K 31
                                    

Unicode
အပိုင်း ၆၃၁- ထူးဆန်းသောအခြေအနေ

သူဒီကို ဘာကြောင့်ရောက်လာတာလဲ ယူရှောင်းမို
မသိပေမဲ့လို့ ဒါကပုံရိပ်ယောင်ကမ္ဘာတစ်ခုဆိုတာတော့
ယခုအတည်ပြုနိုင်ပြီဖြစ်၏။

မဟုတ်လို့ရှိရင် ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့
နောက်ကမ္ဘာတစ်ခုကိုရောက်သွားတယ်ဆိုတာ
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူတို့ပြောတာကို နားမလည်ဘူးဆိုတာသိလျက်
အသားမည်းမည်းလူက သူ့ကိုစိတ်အားထက်သန်စွာ
ဆွဲခေါ်ကာ အဖော်များကို သူနားမလည်သည့်
စကားများပြောလေသည်။ သို့ပေမဲ့လို့ သူတို့က
အန္တရာယ်ပြုဖို့မရည်ရွယ်ဘူးဆိုတာတော့
ယူရှောင်းမိုပြောနိုင်သည်။

ထို့နောက် ယူ​ရှောင်းမိုသည် သူတို့အဖွဲ့နှင့်အတူ
ထွက်ခွာခဲ့၏။

သူ့တွက်ဆချက် မှားသွားတာကို သိပ်မကြာခင်မှာပင်
ယူရှောင်းမိုနားလည်လိုက်ရသည်။ ဤသည်​က
အီဂျစ်မဟုတ်ပေ၊ ဘာသာစကား ဆင်နေတာသာ
ရှိသည်။ သူတို့ဟာလည်း လူမည်းများမဟုတ်ပေ၊
ကန္တာရထဲ အချိန်ကာလကြာမြင့်စွာ
သွားလာခြင်းကြောင့် အလွန်အမင်းနေလောင်ထားတာ
ဖြစ်သည်။

ဤလူများသည် သာမန်သေမျိုးများမဟုတ်ကြချေ။
ကျင့်ကြံသူတွေမှာသာရှိသည့် စွမ်းအင်ခပ်မှိန်မှိန်ကို
သူတို့ထံမှ ယူရှောင်းမိုခံစားမိသည်။ သို့သော်လည်း
သူတို့ကျင့်ကြံဆင့်က လူသားအဆင့်၏
အနိမ့်ဆုံးကိုပင် မရောက်သေးပေ။

သူတို့အဖွဲ့ဟာ ကန္တာရထဲတွင် ဆက်လျှောက်ပြီးရင်း
လျှောက်လာကြသည်။ ဤအချိန်အတောအတွင်း
အခြားလူ သို့မဟုတ် အပင်စိမ်းစိမ်းတစ်ခုမျှ
မမြင်ရသေးပေ။ အနားယူရန် တစ်ခေါက်နားပြီးပြီ
ဖြစ်ပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပြီးသည်နှင့်
တူညီသောဦးတည်ချက်တစ်ဖက်တည်းကိုသာ
ဆက်သွားကြသည်။ သူတို့က ယူ​ရှောင်းမိုအား
ရေသောက်ဦးမလားဟု မမေးကြသော်လည်း
ယူရှောင်းမိုကလည်း မတောင်းပါချေ။

ဒီလိုနဲ့ပဲ သူတို့ ကန္တာရကိုဖြတ်ကျော်သွားမယ်ဟု
သူထင်ထားသော်လည်း အဲ့ဒီအချိန်မှာပဲ
ကန္တာရဓားပြတစ်အုပ် ပေါ်လာလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Opowieści tętniące życiem. Odkryj je teraz