Chapter-611

6.4K 1.3K 164
                                    

//Unicode//
အပိုင်း ၆၁၁- အတားအဆီး

"ဂူတွေကိုလိုက်ရှင်းနေတဲ့ နတ်ဘုရားအဆင့်
သိုင်းပညာရှင်တစ်ယောက်ပေါ်လာတယ်ကြားတယ်။
ဂူ ခြောက်လုံး ခုနစ်လုံးလောက်တော့ပါသွားပြီ။
သူက အရမ်းမြန်တယ်... မြက်ပင်တွေတောင်
မချန်ဘူး"

ပေါင်းမြက်ပင်များက ဆေးပင်စိုက်ခင်းများအနီးတွင်
ပေါက်ရောက်လေ့ရှိသောအပင်များဖြစ်သည်။
လင်းရှောင် ဆေးပင်များယူသည့်အခါ
စိုက်ခင်းတစ်ခုလုံးယူတာဖြစ်၍ တစ်ခါတစ်လေမှာ
မြက်ပင်များပါ ရောပါသွားတတ်လေသည်။

"သူက သက်တန့်မှော်ဆရာမဟုတ်လောက်ဘူး...
နတ်ဘုရားအဆင့်ရှိတဲ့သိုင်းပညာရှင်ဖြစ်ဖို့များတယ်"

"ဖြစ်နိုင်တယ်"

နတ်ဘုရားအဆင့်မဟုတ်ဘူးဆိုလျှင် အလွန်လျင်မြန်စွာ
လှုပ်ရှားနိုင်ဖို့မဆိုထားနှင့် ဂူများ၏အပြင်ဘက်ရှိ
အတားအဆီးများကိုဖျက်စီးဖို့ကပင် အင်မတန်
ခက်ခဲနေမည်ဖြစ်သည်။ ထို့အပြင် ဤသို့သော
အကြမ်းပတမ်းနည်းမျိုးက မှော်ဆရာမဖြစ်နိုင်ပေ။

"ဘယ်သူလို့ထင်လဲ"

"အမ်း.... သူက တစ်ကိုယ်တော်လှုပ်ရှားနေတဲ့ပုံပဲ။
သိချင်ရင်စုံစမ်းကြည့်ရမှာပေါ့"

နတ်ဘုရားအဆင့်ကျင့်ကြံသူများ တစ်ကိုယ်တော်
လှုပ်ရှားကြချိန်တွင် များသောအားဖြင့် အများ၏
အာရုံစိုက်ခြင်းကိုခံရတတ်သည်။ အခြားသော
အင်အားစုများလည်း သေချာပေါက်သတိပြုမိနေပြီ
ဖြစ်သည်။

မှန်းဆချက်များကိုလစ်လျူရှုလျက် ဖူချန်ချုံးသည်
သူ့ဘေးရှိယူကျွင်းချီအား ကြည့်လိုက်၏။

"အစ်ကိုယူကရော ဘယ်သူလို့ထင်လဲ"

ယူကျွင်းချီက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

ဒါကဟိုတစ်ယောက်ရဲ့လုပ်ပုံကိုင်ပုံနှင့်
အင်မတန်တူလှသော်လည်း သူတို့နှင့်နောက်ဆုံး
တွေ့ခဲ့ရသည်မှာ တစ်နှစ်ပင်ရှိတော့မည်ဖြစ်သည်။

တကယ်ပဲ သူတို့လား?

"ခင်ဗျားရောဘယ်လိုထင်လဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now