Chapter-628-ပြိုင်ပွဲစတင်ခြင်း

6.5K 1.1K 36
                                    

//Unicode//
အပိုင်း ၆၂၈- ပြိုင်ပွဲစတင်ခြင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်တာ
ကုန်လွန်သွားခဲ့ပြီး ထုံထျန်းနန်းတော်ပြိုင်ပွဲ
စတင်တော့မည်ဖြစ်သည်။

ထုံထျန်းနန်းတော်က မြို့တော််မှာရှိတာမဟုတ်၍
ယူရှောင်းမိုနှင့်လင်းရှောင်တို့ နှစ်ရက်စော၍ထွက်ခဲ့​ကြ
သည်။ သူတို့ကရှောင်ယောင်တက္ကသိုလ်မှ
လူများနှင့်အတူဆုံ၍ အတူသွားကြမည်ဖြစ်သည်။
သူ့တစ်ယောက်တည်းသာဆိုပါက ထုံထျန်းနန်းတော်
ဂိတ်ဝကိုတောင်မ​ရောက်ခင်မှာတင် ငြင်းပယ်ခံရ
လောက်သည်။

ထုံထျန်းတိုက်မကြီးတွင် ထုံထျန်းနန်းတော်က
ဩဇာတိက္ကမအကြီးဆုံးဟု အချို့လူများကဆိုကြ၏။
၎င်းသည် တောင်များ၏ထိပ်တွင်တည်ရှိကာ
ကမ္ဘာမြေကိုအုပ်မိုးကြည့်လျက် ခမ်းနားထည်ဝါစွာ
မားမားမတ်မတ်တည်ရှိနေသည်။ ၎င်းသည်
၎င်း၏ခြေရင်းရှိမြေကို ကာကွယ်စောင့်ကြပ်လျက်
ရှိသည့် လူ့ဘီလူးကြီးဟုလည်း အချို့ကဆိုကြသည်။

အနည်းငယ်ချဲ့ကားရာရောက်သော်ငြားလည်း
၎င်းတည်ရှိနေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကာ
ကျင့်ကြံသူများအပေါ် မပြောင်းလဲသည့်အမြင်တစ်ခု
ကျန်ရှိနေစေသည့်အချက်ကို ငြင်းလို့မရပေ။
ထုံထျန်းနန်းတော်ကို ယုံကြည်ချက်တို့ သစ္စာတို့
မထားလျှင်တောင် ၎င်းကိုမြင့်မြတ်နေရာတစ်ခုအဖြစ်
ယူဆထားသူများရှိသေး၏။

ယူရှောင်းမိုနှင့်လင်းရှောင်တို့ ရှောင်ယောင်တက္ကသိုလ်
ဂိတ်ဝသို့​ရောက်ချိန်၌ အပြင်ဘက်မှာ စောင့်နေသူများ
ရှိနေကြပြီဖြစ်သည်။ ယခင်ကလောက်
မများတော့ဘူးဟု ပြောသူများရှိသော်လည်း
ပင်မဆောင် ဆယ်ထပ်ကျော်ကျော်မှ
သက်တန့်အဆင့်မှော်ဆရာအားလုံးဖြင့်ဆိုလျှင်
အရေအတွက်မသေးပေ။

ဤမျှများပြားသည့်သက်တန့်အဆင့်မှော်ဆရာများကို
မြင်ဖူးတာလည်း သူ့အတွက်ပထမဆုံးဖြစ်သည်။
အထပ်ကိုးဆယ်ကိုရွှေ့ပြီးကတည်းက စိန်ခေါ်
ပြိုင်ပွဲများမှာ ပါဖို့ကိုမဆိုထားနှင့် နေတဲ့ရက်တောင်
သိပ်များခဲ့တာမဟုတ်ပေ။ သို့ဖြစ်ရာ ဤမျှ
များပြားသည့်လူများ စုရုံးနေကြတာကို သူတစ်ခါမှ
မမြင်ဖူးပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now