Chapter-608

5.5K 1.1K 56
                                    

//Unicode//
အပိုင်း ၆၀၈- မရောက်ရှိလိုက်သည့်ခံစားချက်များ

လူသားတစ်ယောက် ရေမိစ္ဆာဖြစ်သွားသောအခါ
သူတို့တွင် အရင်မှတ်ဉာဏ်များမကျန်တော့ပေ၊
သို့သော်လည်း ချွင်းချက်ဖြစ်သည့်မှော်ဆရာတချို့တော့
ရှိသည်။ ကျန်းလျှို့ကဲ့သို့ပင်၊ သူ၏လူ့ဘဝမှ
အမုန်းတရားက ပြင်းထန်လွန်းလှ၍ သေပြီးနောက်မှာပင်
သူ့စိတ်ထဲ နက်ရှိုင်းစွာကျန်ရစ်နေသည်။ ရေမိစ္ဆာ
ဖြစ်သွားပြီးနောက်မှာတောင် ပထမဆုံးလုပ်ချင်သည့်
အရာက ယူရှောင်းမိုအားသတ်ရန်ပင်ဖြစ်သည်။

ထို့ကြောင့် သူတို့စကားကိုကြားလိုက်သည့်အချိန်တွင်
ရေမိစ္ဆာ ဒေါသထွက်သွားတာဖြစ်သည်။

ယူရှောင်းမိုကတော့ သူ့ကိုမကြောက်ပေ၊
ရှင်းလော့မြို့မှာ ကျန်းလျှို့နှင့်ဆုံခဲ့စဉ်က
သူက အဆင့်ကိုးအထက်ဆင့်သာရှိသေးသည်လေ။
ယခုအချိန်မှာတောင် အဆင့်တစ်ဆယ်အနိမ့်ဆင့်သာ
ရှိသေးလေရာ သူတို့မတွေ့ခဲ့စဉ်ကာလအတွင်း
အများကြီးမပြောင်းလဲခဲ့ပေ။

ကျန်းလျှို့ ရေမိစ္ဆာဖြစ်သွားပြီးနောက်
မကောင်းဆိုးဝါးလိုလိုဘာလိုလိုဖြစ်သွား၍ထင်သည်၊
သူ့ခွန်အား​က တိုးလာ၏၊ သို့ပေမဲ့ ယူရှောင်းမို၏
ပြိုင်ဖက်ဖြစ်ဖို့တော့မလုံလောက်သေးပေ။

ငါးမိနစ်တောင်မရှိသေးခင်တွင် ရေမိစ္ဆာသည်
ပြတ်တောက်နေသောခြေလက်များဖြင့်
ယူရှောင်းမိုခြေထောက်အောက် ရောက်နေပြီဖြစ်သည်။
၎င်း၏ဒဏ်ရာများမှ စိမ်းပြာရောင်အရည်ပြစ်ပြစ်များ
စီးကျနေပြီး မြေကြီးထဲသို့စိမ့်ဝင်လို့သွားသည်။

ရေမိစ္ဆာတစ်ကောင်၏အဓိကလက်နက်မှာ
ကူးစက်နိုင်မှုစွမ်းရည်ဖြစ်သည်။ လေထဲမှ
ကူးစက်မှုက သာမန်လူများကိုသာကူးစက်နိုင်သည်၊
သူတို့လိုကျင့်ကြံသူများအတွက်တော့
ပွန်းရာခြစ်ရာလောက်သာခံစားရသည်။ ထို့ကြောင့်
ရေမိစ္ဆာတစ်ကောင်နှင့်တိုက်ခိုက်သည့်အခါ
၎င်းကို ချက်ချင်းအမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည့်
စွမ်းအားမရှိပါက လူအများစုသည်
ကုတ်ဖဲ့ခံရခြင်းမှကာကွယ်ရန် ၎င်း၏
ခြေလက်များကိုအရင်ဖြတ်တောက်ပစ်ဖို့
ရွေးချယ်တတ်ကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now