Chapter-626-လွတ်မြောက်သွားသောကျွန်များလော

5.8K 1.1K 67
                                    

//Unicode//
အပိုင်း ၆၂၆- လွတ်မြောက်သွားသောကျွန်များလော?

နန်းတော်မှာ အခန်းကြီးကြီးငယ်ငယ်များစွာရှိသည်။
အချို့အခန်းများက အိမ်တစ်လုံးစာလောက်
ကျယ်ဝန်းပြီး မိသားစုတစ်စုလောက်နေဖို့
ပြဿနာမရှိပေ။ အခန်းငယ်များကလည်း
ရွာများရှိသက်ကယ်မိုးတစ်ထပ်အိမ်လေးများ၏
နှစ်ဆခန့်ရှိ​ကာ အခန်းငယ်များထဲတွင် အလွတ်
မကျန်တော့ပေ။

ယူရှောင်းမိုက ဘေးကပ်လျက်အခန်းနှစ်ခုအား
ဆေးဖော်ခန်းနှင့်စာကြည့်ခန်းအဖြစ် ရွေးချယ်ထား
သည်။ အဆင်ပြေရန်အတွက် အခန်းနှစ်ခန်းကြား
နံရံကို လင်းရှောင်အား ဖျက်ခိုင်းပြီး တံခါးခုံးတစ်ခု
ဆောက်ထားသည်။ အခန်းတံခါးတစ်ခုကိုတော့
အသေပိတ်ပစ်လိုက်၏။ ဖြစ်နိုင်ခြေမများပေမဲ့လို့
သူ အာရုံမထားမိချိန်တွင် အခြားတံခါးတစ်ခုမှ
လူများခိုးဝင်လာမည်ကို တားဆီးနိုင်ရန်ဖြစ်သည်။

သူတို့အပြင်သွားနေစဉ်ဤရက်များအတွင်း
ဖူကျစ်လင်းနှင့်ယူကျွင်းချီတို့က အလုပ်ပြီးခါနီးပြီ
ဖြစ်သည်။

မှော်ဆေးပင်ပမာဏ အတော်လေးများသောကြောင့်
ယူကျွင်းချီသည် သူ့သားလေးအတွက်
ကျောက်စိမ်းစင်ရာနှင့်ချီ ထွင်းပေးထားလေသည်။
စင်တစ်ခုစီတွင် အကန့်ဆယ်ကန့်ပါရှိပြီး
အကန့်တစ်ခုလျှင် ဆေးပင်ရိုးတံနှစ်ဆယ်ခန့်ဆံ့သည်။

ကျောက်စိမ်းစင်ပြုလုပ်ရန်အတွက် ကုန်ပစ္စည်းမှာ
ယူကျွင်းချီ ခရီးသွားခဲ့စဉ်က တွေ့ရှိ၍တူးထုတ်ကာ
သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားသည့်
ပစ္စည်းများဖြစ်သည်။ သူ့သားလေးက ကျောက်စိမ်းနဲ့
လုပ်ထားသည့်စင်လိုချင်သည်ဟု ကြားသည့်အခါ
သူက ချက်ချင်းထုတ်လာသည်။ ကျောက်စိမ်း
အရည်အသွေးမှာ တောက်ပပြီးအလင်းဖျော့သည့်
အထက်တန်းရှားကျောက်စိမ်းအမျိုးအစားဖြစ်သည်။
ခရမ်း၊ အပြာ၊ အဖြူစသဖြင့် အရောင်များစွာပါရှိပြီး
အရောင်တစ်ခုချင်းစီက တောက်ပခမ်းနားသည်။

သူ့သားရဲ့ဆေးဖော်ခန်းကို ပိုမိုလှပစေရန်အတွက်
ယူကျွင်းချီက အရောင်မတူသည့်ကျောက်စိမ်း
ခြောက်မျိုးကို အထူးတလည်ရွေးချယ်၍
အကန့်နှစ်ဆယ် မျှတစွာထွင်းပေးထားသည်။
ကျောက်စိမ်းစင်တစ်ခုစီတွင် အဆင့်မတူသည့်
မှော်ဆေးပင်နှစ်မျိုးထားလို့ရ၍ပိုအဆင်ပြေပေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now