Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်

4.6K 1K 31
                                    

Unicode
အပိုင်း ၆၃၃- ပြန်လမ်းမဲ့အကျဉ်းထောင်

"ရောက်လာကြပြန်ပြီ"

ထိုသူများကို မြင်သောအခါ အမျိုးသားသည်
မသိမသာပြောလိုက်၏။ ယူရှောင်းမိုက သူနှင့်
နီးသဖြင့် တိုးတိုးကြားလိုက်ရသည်။ သူ့အသံတွင်
မုန်းတီးမှုနှင့်ဒေါသတို့အပြင် စွမ်းအားမဲ့မှုတို့ပါ
ပါဝင်နေသည်။

ယူရှောင်းမိုအကြည့်က ဝတ်ရုံဖြူလူသုံးယောက်ထံ
ရွေ့သွားသည်။ သူတို့မျက်နှာများအား
ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း
သုံးယောက်လုံးက အင်မတန်သန်မာကြသည်။
ထို့အပြင် သူတို့ဝင်လာပြီးကတည်းက
အကျဉ်းသားများ၏အခြေအနေသည်
စိတ်လှုပ်ရှားမှုဖြင့် မတည်မငြိမ်ဖြစ်လာကြသည်။

၎င်းက မှိန်ဖျော့သော်ငြားလည်း အားကောင်း၍
မကောင်းသည့်အတွေးများစွာ ရောယှက်လျက်ရှိပြီး
အားလုံး ဤဝတ်ရုံဖြူလူသုံးယောက်အား
ဦးတည်နေသည်၊ သို့သော် အရာအားလုံးထက်
ကြောက်ရွံ့စိတ်ကပိုများသည်။

ဝတ်ရုံဖြူလူသုံးယောက်သည် ယူရှောင်းမို၏
အကျဉ်းခန်းအား ဖြတ်လျှောက်သွား၏။
အကြည့်တစ်ခုက သူ့အား သာမန်ကာလျှံကာ
ဖြတ်ကြည့်သွားပုံရပြီး ဝတ်ရုံဖြူလူများက
သူတို့အကျဉ်းခန်းများအား ကျော်သွားသည့်အခါ
အခြားသူများ စိတ်သက်သာစွာသက်ပြင်းချသံကို
ရေးရေးမျှကြားရနိုင်သည်။

ခဏကြာသော် အတွင်းဘက်မှ သံချိန်းကြိုးများ
တိုက်ခတ်သံကိုကြားရပြီး လူတစ်ယောက်
ကြောက်လန့်တကြားအော်ဟစ်သံထွက်လာသည်။

"ငါမသွားဘူး! ငါမသေချင်သေးဘူး! ငါ့ကို
လွှတ်! လွှတ်! အသေဆိုးနဲ့သေသင့်တဲ့
မိစ္ဆာကောင်တွေ! အကုန်လုံး အသေဆိုးနဲ့
သေကြပါစေ!"

ထိုသူသည် ဝတ်ရုံဖြူလူနှစ်ယောက်၏
တရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံနေရကာ
သူ့အမူအရာမှာ ရူးသွပ်သွားသည့်အလားရှိသည်။
သို့သော်၊ သူ အော်ဟစ်ကန်ကျောက်နေသော်ငြား
သူတို့ကို နည်းနည်းမှမရွေ့စေနိုင်ပေ။
ခြေလက်များတွင် သံကွင်းအနက်ရောင်များဖြင့်
ဆွဲခေါ်သွားခံရဆဲပင်။ သူရုန်းကန်သည့်အတိုင်း
၎င်းတို့က တချွင်ချွင်မြည်လျက် ကြီးမားလှသော
အကျဉ်းထောင်ကြီးထဲတွင် ပဲ့တင်ရိုက်ခတ်နေ
တော့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now