Chapter-622- အဆိပ်ပြင်းသောလျှာ

6.4K 1.2K 152
                                    

//Unicode//
အပိုင်း ၆၂၂- လျှာစောင်းထက်သော

စိတ်ဝိဉာဉ်တောင်၏နေရာကူးပြောင်းခြင်း
အစီအရင်ပွင့်လာခြင်းနှင့်အတူ ယူကျန်ထျန်း
တစ်ယောက် လင်းရှောင်၏လက်ထဲတွင်
ဒုတိယတစ်ခါ ထပ်မံ၍ရှုံးနိမ့်ခဲ့သည့်သတင်းက
လျင်မြန်စွာပျံ့နှံ့သွားတော့သည်။ သွေးစွေးနီ
မိသားစု၏ ဤမိသားစုခေါင်းဆောင်ကြီးမှာ
တူညီသောလူတစ်ယောက်တည်း၏လက်တွင်
ထပ်ခါထပ်ခါရှုံးနိမ့်ခဲ့ရသော ထုံထျန်းတိုက်မကြီးမှ
ထိပ်တန်းကျင့်ကြံသူပင်ဖြစ်သည်။

ပထမတစ်ကြိမ်တုန်းက ရန်သူကိုလျှော့တွက်မိခဲ့လို့
ဆိုတာ အဓိပ္ပါယ်ရှိသည်။ ဘယ်လိုပဲနေနေ
လင်း​ရှောင်နှင့်ပတ်သက်၍ မဖြေရှင်းရသေးသည့်
ဆန်းကြယ်မှုများ များလွန်းသည်မဟုတ်လား။
သို့သော်ငြား ဒုတိယတစ်ခါမှာလည်း ရလဒ်က
အတူတူပဲဆိုရင် ပြဿနာက ယူကျန်ထျန်းမှာ
ရှိနေတာလားဟု လူများမှာ မတွေးဘဲ
မနေနိုင်ကြတော့ချေ။ သို့သော်လည်း လူတိုင်းမှာ
သူ့အတွက် ထိုက်သင့်သည့်လေးစားမှုရှိကြသေး
သဖြင့် ဤအကြောင်းကို သူ့အရှေ့မှာ
မဆွေးနွေးကြပါချေ။

အစီအရင်က လူတိုင်းကို တစ်ချိန်တည်းမှာ
ပို့ဆောင်ပေးတာဖြစ်သော်လည်း ဝင်ပေါက်၊
ထွက်ပေါက်နှင့် ပိုနီးသူများက ပို့ဆောင်ခံရသည့်
ကြာချိန်ပိုတိုသည်။

လင်းရှောင်နှင့်ယူရှောင်းမိုတို့ အပြင်သို့
ရောက်လာချိန်တွင် ချန်မဟာမိတ်မှလူများမှာ
အပြင်သို့ရောက်နှင့်နေကြပြီဖြစ်သည်။
ယူရှောင်းမို သူ့အသိကို ရှာဖို့အချိန်မရသေးခင်
အဖြူရောင်အရိပ်တစ်ခုက သူ့အနောက်မှနေ၍
အလစ်တိုက်ခိုက်လာ၏။ ယူရှောင်းမိုမှာ
သတိလက်လွတ်ဖြစ်သွားပြီး ရင်ခွင်တစ်ခုထဲသို့
ရောက်သွားလေသည်။

"သားသားလေးရေ~ ဖေကြီးကလွမ်းနေတာ"

ယူကျွင်းချီသည် သူ့သားလေး၏ခေါင်းကို
လက်နှစ်ဖက်ဖြင့်ဖက်ရင်း ရှိသမျှအားနှင့်
ပွတ်သီးပွတ်သပ်လုပ်နေလေသည်။ တစ်ရက်
ခွဲခွာရခြင်းက သုံးနှစ်လိုပဲဟုပြောပါက သူ့မှာ
နှစ်ခုနစ်ရာလောက် ဝေးကွာနေရသည်ဟု
ခံစားရ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now