Chapter-637- အမှန်တရား

5K 1.1K 51
                                    

Unicode
အပိုင်း ၆၃၇- အမှန်တရား

ဧရာမကျောက်စင်မြင့်ကြီးထက်၌ ရောင်စုံ
အလင်းလုံးတစ်လုံး လွင့်မြောလျက်ရှိသည်။
အလင်းရောင်အတွင်း မတူညီသောအရောင်
ခုနစ်မျိုး ရောယှက်လျက်ရှိကာ ဤအလင်းလုံးသည်
ဆေးလုံးနှင့်တူသည့်တစ်စုံတစ်ခုကို ဝန်းရံထားပုံ
ပေါ်သည်။

ကျောက်စင်မြင့်၏ထောင့်လေးထောင့်ကို
ကျောက်နဂါးလေးကောင်ဖြင့် ထွင်းထုထားသည်။
၎င်းတို့ပါးစပ်များက ဟလျက်ရှိကြပြီး
ကျောက်နဂါးများ၏ပါးစပ်မှ အလင်းလုံးထံသို့
ဆန့်တန်းထွက်သွားသည့် ဖောက်ထွင်းမြင်ရသော
ပြွန်များရှိပုံပင်။ ပြွန်များထဲတွင် ပို့ဆောင်ပေးခြင်း
ခံနေရသော အဖြူရောင်စွမ်းအင်တစ်ခုရှိနေပြီး
၎င်းသည် ဆေးလုံးအတွင်းသို့ အဆုံးမရှိ
စီးဝင်လျက်ရှိသည်။

သို့သော် ၎င်းက ယူရှောင်းမိုကို အံ့အားအသင့်စေဆုံး
အရာမဟုတ်ပေ။

ကျောက်စင်မြင့်အောက်တွင် ဖောက်ထွင်းမြင်ရသော
ထောင်တစ်ခုရှိနေသည်။ ထိုထဲတွင် ပိတ်လှောင်
ခံထားရသူ များစွာရှိသည်၊ အတိအကျဆိုရလျှင်
၎င်းတို့သည် ဝိဉာဉ်များဖြစ်သည်။ မှော်ဆရာများနှင့်
သိုင်းပညာရှင်အနည်းငယ်ရှိကာ နတ်ဆိုးသားရဲတွေ
တောင်ရှိသည်။ ဤဝိဉာဉ်များက လက်ရှိအချိန်မှာ
နာကျင်စွာအော်ဟစ်မြည်တမ်းနေကြသည်၊
သူတို့အသက်ကို ချက်ချင်းအဆုံးသတ်ပစ်ချင်နေ
သည့်အလား သူတို့မျက်နှာများကခက်ထန်လျက်
ရှိကြသည်။

သူတို့အနောက်မှာ တစ်စုံတစ်ခုပဲ့ကွာသွားနေတာကို
ယူရှောင်းမိုမြင်ရသည်။ ၎င်းက သူတို့
သေခြင်းဆင်းရဲ၏မူလအစပင်။

"အဲ့တာ ယုံကြည်မှုနဲ့ဝိဉာဉ်စွမ်းအားလို့ခေါ်တယ်"

ထိုအခိုက်အတံ့မှာပဲ သူ့နားဘေးမှာ အက်ရှရှအသံ
တစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။

ယူရှောင်းမို လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို
ခေါ်လာသည့်ဝတ်ရုံဖြူလူက ထွက်ခွာသွားနှင့်ပြီ
ဖြစ်တာကိုတွေ့လိုက်ရသည်။ ယခုက ဘုန်းတော်ကြီး
အဝတ်များဝတ်ဆင်ထားသည့် သက်လတ်ပိုင်း
အရွယ်ဦးလေးကြီးတစ်ယောက်ပင်။
သူသည် ကျောက်စင်မြင့်အထက်ရှိပစ္စည်းအား
စွဲမက်စွာစိုက်ကြည့်နေသည်၊ ထိုနေရာမှာ
သူက တစ်ဦးတည်းသောလူသာဖြစ်မနေပါက
ခုနကကြားလိုက်တာ ထင်ယောင်ထင်မှား
ဖြစ်တာလို့ပင် ယူရှောင်းမိုထင်မိလိမ့်မည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now