Chapter-650- ဇူးမား

5K 967 25
                                    

Unicode
အပိုင်း ၆၅၀- ဇူးမား

"ရှောင်ရှစ်တိ!"

ဖန်းချန်းလဲ့တစ်ယောက် စိတ်မရှည်စွာနဲ့
ထွက်လာချိန်မှာပဲ တံခါးမှလာနေသောယူရှောင်းမိုနှင့်
ဆုံပြီး အံ့အားသင့်ဟန်တစ်ခုပေါ်လာလေသည်။

ယူရှောင်းမို၌ ဆရာနှစ်ယောက်ရှိသည်။ ပထမ
ဆရာသည် ဆရာတစ်ယောက်တာဝန်များ
မကျေပွန်ခဲ့သော်ငြား ရှစ်ရှုန်းများကိုတော့ သူ့မိသားစု
အဖြစ် မှတ်ယူထားသည်။ သို့သော်လည်း
ဝေ့ပိုင်အပေါ် သူ့ခံစားချက်များကတော့ တူညီသည့်
အဆင့်မှာမရှိပေ။

မော့ချီရုန်သည် သူတို့သုံးဦးအတွက် နေရာပေး၍
မျိုးနွယ်စုဝင်များနှင့်အတူ ပြန်ထွက်သွားသည်။
အရင်တစ်ခါက ဖူကျစ်လင်းတစ်ယောက် သူနှင့်
ရွှေ့ရှီမျိုးနွယ်စုသို့ ချက်ချင်းပြန်မလိုက်ချင်
ကတည်းက သူတို့တွေကြားကစည်းက သာမန်ထက်
ပိုမိုခိုင်မာတာကို မြင်ရနိုင်သည်။

ယခင်ကဆို ဖန်းလူကြီးမင်းက သူ့ရှစ်တိလေးက
ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်လည်း
ပြဿနာရှာကြောင်း ခဏခဏပြောတာကြားရသည်။
ဤရှောင်ရှစ်တိက ယူရှောင်းမိုဖြစ်နေလိမ့်မည်ဟု
ထိုအချိန်တုန်းက သူ တစ်ခါမှမတွေးဖူးပေ။
ယူရှောင်းမိုမှာ သူ့ကိုအမြဲတမ်းစိတ်ထဲရှိသော
ရှစ်ရှုန်းနှစ်ယောက်ရှိတာကို သူ
အားတောင်အားကျဖူးသည်။

နှစ်များစွာကြာပြီး ပထမဆုံးပြန်လည်တွေ့ဆုံချိန်မှာ
ရှစ်ရှုန်းများရော ရှစ်တိရော ပြောစရာများတပုံကြီး
ရှိနေကြသည်။

ဖူကျစ်လင်းက ဖန်းချန်းလဲ့နှင့်မတူဘဲ သူတို့
အရင်တစ်ခေါက် ဆုံတုန်းက တကယ်တော့
စကားများများစားစားမပြောဖြစ်ခဲ့ပေ။ အဓိက
အကြောင်းအရင်းကတော့ ဖူကျစ်လင်းမှာ
သူ့ခံစားချက်များကို မည်သို့ပြောပြရမည်မှန်း
မသိခြင်းနှင့် သူက ပုံမှန်အားဖြင့်
နှုတ်နည်းသောကြောင့်ဖြစ်သည်။

သို့သော်ငြားလည်း ဖန်းချန်းလဲ့ကတော့မတူပေ။
သူက ရှစ်တိလေးများအားဂရုစိုက်သည့် သိမ်မွေ့သော
အစ်ကိုကြီးတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့လို့
သူ၏လေအိုးသဘာဝပေါ်လာသည့်အခါမှာတော့
ပြောစရာများ မကုန်နိုင်အောင်ရှိတတ်သည်။ သူ့ကို
တဗျစ်တောက်တောက် ပြောတတ်သောအမေကြီးဟု
ပြောလျှင်ပင် လွန်မည်မထင်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now