Chapter-655

3.6K 744 11
                                    

Scroll down for Zawgyi.

အပိုင်း ၆၅၅- အရောင်ငါးခုပါသောစိတ်စွမ်းအင်များ

စစ်မြေပြင်ရှိလူတိုင်း လင်းရှောင် စကားများကြောင့်
ချွေးပြန်နေကြစဉ် ရွှေ့ရှီမျိုးနွယ်စုအတွင်းသို့
လူတစ်ယောက် တိတ်တဆိတ် ဝင်ရောက်လို့လာ
သည်။

ယူရှောင်းမို ပြောခဲ့သည့်အတိုင်း ရွှေ့ရှီမျိုးနွယ်စုမှ
အသန်မာဆုံးလူများကို ရန်သူနှင့်ရင်ဆိုင်ဖို့
စေလွှတ်ထားတာဖြစ်သည်။ ယခုထက်အထိ
ကောင်းမွန်စွာ ကာကွယ်ထားသော ဘိုးဘေးဗိမ္မာန်
မှလွဲ၍ မျိုးနွယ်စုကိုစောင့်ကြပ်ဖို့
ကျန်ခဲ့သည့်လူများက ထိုမျှ မသန်မာကြပေ။

သို့သော်လည်း အနက်ဝတ်လူ၏ပစ်မှတ်က
ဘိုးဘေးဗိမ္မာန်ဖြစ်ပုံရသည်။

အမှန်မှာ ထိုလူသည် အားနည်းသောလူ လုံးဝ
မဟုတ်ပေ။ ဘိုးဘေးဗိမ္မာန်အတွင်းသို့
ချောင်းမြောင်းဝင်ရောက်လာချိန်မှာ သူ့ကို
မည်သူမှ သတိမထားမိခဲ့ကြပေ၊ ဘိုးဘေးဗိမ္မာန်
အတွင်းရှိ ပထမထောင်ချောက်ကို အသက်ဝင်စေမိပြီး
လန့်သွားတော့မှသာ သတိထားမိကြတာဖြစ်သည်။

ဘိုးဘေးဗိမ္မာန်ရှိ အစောင့်နှစ်ဆယ်မှ သုံးဆယ်ခန့်မှာ
ချက်ချင်း သတိအနေအထားဖြစ်သွားပြီး
စစ်သားများကဲ့သို့ သတ်ဖြတ်လိုစိတ်များ
ထွက်ပေါ်လာကြသည်။ စောင့်ကြပ်ကြည့်ရှုနေသော
အကြီးအကဲသည် တည်ငြိမ်စွာ အမိန့်ပေး၍
အနက်ဝတ်လူအား ဖမ်းဆီးရန် သူတို့ကိုစေလွှတ်
လိုက်သည်။ မူလတုန်းက မော့ချီရှစ်ယွမ်ဆီ
သတင်းပို့ခိုင်းရန် တွေးမိသော်လည်း ဖြစ်နေဆဲ
စစ်ပွဲအားထည့်တွက်၍ တစ်ဖက်လူအား စိတ်ပျံ့
စေမည် စိုးသဖြင့် ဒီကိစ္စကိုမပြောတော့ဖို့
ခိုင်းလိုက်သည်။

ယူရှောင်းမိုကတော့ ဤအကြောင်းများ မသိပေ။
ပစ်မှတ် နီးသထက်နီးလာပြီဖြစ်တာကိုသိရတော့
သူ ပိုစိတ်လှုပ်ရှားလာကာ စိတ်ဝိဉာဉ်စွမ်းအားများက
ရူးသွပ်စွာ စီးဆင်းလာသည်။ ပင်ပန်းခြင်း
နည်းနည်းမှမခံစားရဘဲ အရှိန်က နှစ်ဆတောင်
ပိုမြန်လာတော့သည်။

သတ္တုစားသားရဲလေးကလည်း အနိုင်မခံချင်သည့်
အလား အရှိန်ပိုမြန်လာလေသည်။ အဆုံးမှာတော့
ယူရှောင်းမိုမျက်နှာဆီ ရွှံ့များ မတော်တဆ
ပက်မိသွားပြီး သူ့ကို ရွှံံ့စားစေမိသွားတော့သည်။
ယူရှောင်းမိုက ၎င်း၏ခေါင်းဆီသို့ လက်သီး
တစ်လုံး ပစ်ပေးလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now