ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္

6.7K 1.3K 59
                                    

//Unicode//

ယူရှောင်းမိုက လင်းရှောင်ကို စိတ်လှုပ်တရှားနဲ့
ဆွဲခေါ်ပြီး စားပွဲမှာထိုင်ခိုင်းလိုက်သည်။ စားပွဲနဲ့
ထိုင်ခုံတွေကိုလည်း သူကိုယ်တိုင်လုပ်ထားတာ
ဖြစ်သည်။ စားပွဲက ပုံမှန်စားပွဲများထက်ကို
ပိုကျယ်သည်။

"ကြည့် ဒါတွေအကုန်ခင်ဗျားအတွက်"

လင်းရှောင်က ယူရှောင်းမိုချက်တဲ့ အသားကင်ဆို
တကယ်ကြိုက်သည်။ လိုဏ်ဂူထဲမှာနေတုန်းက
လပေါင်းများစွာ စားခဲ့ရတယ်ဆိုပေမဲ့ သူတစ်ခါမှ
ငြီးငွေ့သွားတယ်လို့ မရှိပေ၊ ပြီးတော့
နတ်ဆိုးသားရဲများမှာ မတူညီသည့်အကြိုက်မျိုး
ရှိကြ၍ အသားကင်ဆိုရိုးအီနေပြီဖြစ်သည့်
ယူရှောင်းမိုနှင့်စာလျှင် သူကတော့ အရမ်းကို
နှစ်သက်နေတုန်းပဲဖြစ်သည်။

ထို့ပြင် နတ်ဆိုးသားရဲဆိုတာ အသားကြိုက်ကြ
သည်လေ။ အသားကို လူတွေထက် သူတို့က
ပိုကြိုက်သည်။

"ဒါဘာလဲ"

လင်းရှောင်အကြည့်က ရွှံ့အုပ်ထားသည့်
ကျောက်ဟွားကျီပေါ် ရောက်သွားပြီး
မျက်မှောင်ကျုံ့သွားသည်။

သူ အထင်လွဲသွားမှန်း သိပေမဲ့ ယူရှောင်းမိုက
သေချာမပြောပြဘဲ ပြုံးဖြီးဖြီးသာလုပ်လေသည်။

"ဒါက.... နောက်ဆုံးမှ။ အဲ့ဒါ ဘယ်လောက်
အံ့ဩဖို့ကောင်းလဲ သိရလိမ့်မယ်"

လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်ပြသည်။

စားပွဲအပြည့် အစားအသောက်တွေကို
နှစ်ယောက်သား စသိမ်းကြုံးတော့သည်။
ယူရှောင်းမိုက ဟင်းပွဲတစ်ခုစီကို အများကြီး
ပြင်ထားသည်၊ အသားဟင်းခုနစ်မျိုးအတွက်
အရသာခုနစ်မျိုးဖြစ်လေသည်။ လင်းရှောင်က
ထိုဟင်းများကို ပြီးအောင်တောင်မစားရသေး
ကျောက်ဟွားကျီဆီ အကြည့်ရောက်သွားပြန်သည်။

ယူရှောင်းမိုမှာ ကလေးလေးရနေပြီလား
မှတ်ရအောင် ဗိုက်ဖောင်းနေ၏။ အတွင်းအားကို
အမြန်နှိုးဆွလိုက်ပြီး တစ်ဝက်ကို အစာခြေလိုက်ပြီးမှ
ကျောက်ဟွားကျီကို စတင်ဖြည်တော့သည်။
ရွှံ့က အပူချိန်ကို ထိန်းပေးထား၍ နာရီဝက်
ကြာပြီးနောက်မှာတောင် အရောင်အဆင်း၊
အနံ့အရသာက လုံးဝပြောင်းလဲသွားခြင်းမရှိဘဲ
ပူနွေးပြီး အရသာရှိနေသေးသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now