Chapter-602

6.8K 1.3K 49
                                    

//Unicode//

အပိုင်း ၆၀၂- အမြင်သစ်နဲ့ကြည့်ရခြင်း

နေရာကအန္တရာယ်ကြီးလေ လေဟာနယ်က
အားနည်းလေဖြစ်သည်။

မြွေပါသားရဲ၏စွမ်းဆောင်ရည်ဖြင့်
သုံးရက်အကြာတွင် သူတို့နေရာတစ်ခုရှာတွေ့ခဲ့သည်။

၎င်းမှာ သထုန်ပင်လယ်ပြင်တွင်
အန္တရာယ်များကျော်ကြားသည့် ပင်လယ်ပိုင်း
တစ်နေရာဖြစ်၏။ ခပ်လှမ်းလှမ်းမှဖြင့်ပင်
ကောင်းကင်ကြီး၏မူမမှန်မှုကို မြင်ရနိုင်သည်။
ပင်လယ်ရေပြင်နေရာအကျယ်ကြီးကို
တိမ်ပုပ်တိမ်မည်းများဖြင့် ဖုံးအုပ်လို့နေသည်။
လျှပ်စီးများနှင့်ဟာရီကိန်းတို့က တစ်ခုနှင့်တစ်ခု
ရစ်ပတ်လျက် ရေစီးကြောင်းများကလည်း
ပိုမိုကြမ်းတမ်းလာသည်။ ဤနေရာသို့
သင်္ဘောကြီးတစ်စင်း ဖြတ်သွားခဲ့လျှင်
စုပ်ယူခံလိုက်ရမှာမလွဲမသွေပင်။

နတ်ဒေဝါအဆင့်ကျင့်ကြံခြင်းအခြေခံမရှိသူများဆို
ဝင်ရဲလိမ့်မည်မဟုတ်ချေ၊ အကြောင်းမှာ
ဤပင်လယ်ပိုင်းကထူးဆန်းရုံမျှမက ရံဖန်ရံခါ၌
အားပြင်းသည့်ရေစီးကြောင်းက
လေဆင်နှာမောင်းတစ်ခုကဲ့သို့ ကောင်းကင်သို့
ထိုးတက်သွားပြီး ၎င်း၏အဖျက်စွမ်းအားကလည်း
အလွန်တရာအံ့အားသင့်ဖွယ်ကောင်းသောကြောင့်ပင်။
ဤပင်လယ်တစ်ဝိုက်မှ ဘေးကင်းစွာ
လွတ်မြောက်ဖူးသည့်လှေဟူ၍မရှိကြောင်း
ပြောကြသည်၊ ပြီးတော့ ဒါက
အကြောင်းအရင်းများထဲမှတစ်ခုသာရှိသေးသည်။

လေဟာနယ်က အားပျော့လွန်းသောကြောင့်
တစ်ချိန်တည်းမှာပင် ပင်လယ်ပိုင်းတွင်
မတည်မငြိမ်ဖြစ်နေသော လေဟာနယ်စွမ်းအားများ
ပြည့်နှက်လို့နေသည်။ လျှပ်စီးမိုးကြိုးများက
တဂျိန်းဂျိန်းတဖျပ်ဖျပ်လက်လို့နေပြီး
လေဟာနယ်ကိုပိုမိုဖိအားဖြစ်စေကာ လေဟာနယ်
အက်ကြောင်းကို ပိုမိုကြီးမားလာစေသည်။
နတ်ဒေဝါအဆင့်ကျင့်ကြံသူဆိုရင်တောင်
ဝင်ရဲမည်မဟုတ်ချေ။

သို့သော်လည်း နတ်ဘုရားအဆင့်ကျင့်ကြံသူများ
အတွက်ကျတော့ ဤနေရာက လေဟာနယ်
စွမ်းအားစုစည်းရန် နေရာကောင်းဖြစ်ချေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now