Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း

5.1K 1.1K 115
                                    

Unicode
အပိုင်း ၆၃၅- ထုံထျန်းနန်းတော်၊
ဂုဏ်သိက္ခာကျဆင်းရခြင်း

ပြီးခဲ့သည့်နှစ်အတွင်း လင်းရှောင်နှင့်ယူကျွင်းချီတို့က
ထုံထျန်းနန်းတော်အား မကြာခဏဆိုသလို
တိုက်ခိုက်တတ်ကြသည်။ အမှန်တွင် ဒဏ်ရာရသူ
အရေအတွက်မှာ ဆယ်ဂဏန်းအတွင်းသာရှိပြီး
ထုံထျန်းဧကရာဇ်က ထိုသူအားလုံးသေပြီဟု
ယူရှောင်းမိုကိုပြောခဲ့သည်။ ဒါက ထုံထျန်းနန်းတော်
အတွက် သေးငယ်သည့်ဆုံးရှုံးမှုမဟုတ်ပေ။

သို့သော်ငြား လင်းရှောင်သည် ထုံထျန်းနန်းတော်ကို
ပြဿနာရှာရန်အတွက်သာ ထိုသို့လုပ်ခဲ့ခြင်း
မဟုတ်ပေ။ တစ်ခါသွားတိုက်တိုင်း စိတ်ထဲမှာ
ရည်ရွယ်ချက်တစ်ခုနှင့်ဖြစ်သည်၊ ၎င်းမှာ
ထုံထျန်းနန်းတော်၏တည်ဆောက်ပုံကို
နားလည်ရန်ဖြစ်၏။

ထုံထျန်းဧကရာဇ်က အချိန်ဘယ်လောက်မှ
မရှိသေးခင်မှာ ၎င်းကိုတွေ့ရှိသွားခဲ့သည်၊ သို့ပေမဲ့
အစောင့်အကြပ်များ ပိုတိုးလျှင်တောင်မှ
လင်းရှောင်၏ခြေရာများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ချေ။
ဒဏ်ရာရသူအရေအတွက်က အဆပေါင်းများစွာ
ထိုးတက်လာခဲ့သည်။

ထုံထျန်းနန်းတော်တည်ဆောက်ပုံအကျဉ်းချုပ်ကို
ရရှိပြီးသည့် ယခုအချိန်မှသာ ယနေ့ကဲ့သို့
သူပြုမူရဲတာဖြစ်သည်။

ထုံထျန်းနန်းတော်က အခြားအင်အားစုကြီးများနှင့်
လွန်စွာကွဲပြားသည်။ အဆင့်လွန်နတ်ဘုရားအဆင့်
ဖြစ်သည့် ထုံထျန်းဧကရာဇ်အပြင် သူ့အောက်၌
နတ်ဘုရားအဆင့်ကျင့်ကြံသူများစွာ ထပ်ရှိသေးပြီး
နတ်ဒေဝါအဆင့်ဆိုပိုလို့တောင်များသေးသည်။
သူတို့၏စုစုပေါင်းအင်အားကို ထည့်တွက်ပါက
သွေးစွေးနီမိသားစုကဲ့သို့သော မိသားစုကြီး
တစ်ခုပင်လျှင် သူတို့ကိုဆန့်ကျင်ဝံ့မှာမဟုတ်ပေ။

သို့ပေမဲ့ ဘယ်သူကမှမလုပ်ရဲဘူးလို့မဆိုလိုပေ။

ယူရှောင်းမို ထုံထျန်းနန်းတော်ထဲမှာပိတ်ထားခံရတာ
တစ်နှစ်ရှိခဲ့ပြီဖြစ်သည်။ ဤတစ်နှစ်အတွင်း
ထုံထျန်းတိုက်မကြီးမှာ ကိစ္စပေါင်းများစွာ
ဖြစ်ပျက်ခဲ့၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now