Chapter-632-အကျဉ်းချခံရခြင်း

4.7K 1K 63
                                    

Unicode
အပိုင်း ၆၃၂- အကျဉ်းချခံရခြင်း

အရိပ်မည်းသေဆုံးသွားသည်နှင့် ယူရှောင်းမိုလည်း
အပြင်သို့ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
ထိုထဲမှာ တစ်နှစ်သာနေခဲ့ရသဖြင့် အပြင်လောကရှိ
အချိန်ဟာလည်း သိပ်ကွာမှာမဟုတ်ဘူးလို့
သူထင်ထားခဲ့သည်။ သို့သော် အစစ်အမှန်က
လွန်စွာခြားနား၏။

သူ အပြင်ပြန်ပေါ်လာတဲ့အချိန်မှာ ပြိုင်ပွဲအတွက်
အသုံးပြုသည့်ခန်းမကျယ်ကြီးထဲမှာ မဟုတ်တော့ဘဲ
ခပ်လှမ်းလှမ်းသို့ဆန့်တန်းလျက်ရှိသော အနီရင့်ရောင်
တိုင်လုံးကြီးနှစ်လုံးရှိသည့် ပိုမိုကြီးမားသော
မြင့်မြတ်နေရာတစ်ခုသဖွယ် အခြားတစ်နေရာ
ဖြစ်သည်။ ၎င်းသည် တည်ငြိမ်ခန့်ညားသော
အငွေ့အသက်တစ်မျိုး ထုတ်လွှင့်နေပေရာ
လူများကို ကြောက်ရွံ့ရိုသေစိတ်များဖြစ်စေသည်။

ယူရှောင်းမို လက်မောင်းနှစ်ဖက်ကိုပွတ်လိုက်သည်၊
သူခံစားရတာတော့ မသက်မသာနဲ့ ကြက်သီးတွေ
ထလာတာတစ်ခုတည်း ရှိသည်။

တစ်ခြားသူတွေရော ဘယ်မလဲ။ ဘယ်လိုလုပ်ပြီး
ဒီရောက်လာတာလဲ... သူက ပြိုင်ပွဲခန်းမထဲမှာ
ရှိနေရမှာမဟုတ်ဘူးလား။

ဘေးဘီအားလှည့်ပတ်ကြည့်၍ နောက်ဆုံးတွင်တော့
မီတာနှစ်ရာခန့်အကွာအဝေးရှိ ပလ္လင်အမြင့်တစ်ခု
ပေါ်တွင် ရပ်နေသည့် လူနှင့်တူသော
မှုန်ဝါးဝါးပုံရိပ်တစ်ခု လှမ်းမြင်လိုက်၏။

ရန်သူလော မိတ်ဆွေလော မသိရသေးသည့်
အခြေအနေမှာ ယူရှောင်းမိုရဲ့စွန့်စားချင်စိတ်က
သိပ်မမြင့်နေပေ။ စပ်စုချင်စိတ်ကိုဖြေဖျောက်မည့်
အစား လင်းရှောင်ကိုပဲအရင်ဆုံးရှာချင်သည်။

ထိုတစ်ချက်လှမ်းကြည့်ပြီးနောက်
အကြည့်လွှဲလိုက်ပြီး ဂိတ်ဆီသို့လျှောက်သွားလိုက်
သည်။ သူပျောက်သွားမှန်း လင်းရှောင်သိရင်
သေချာပေါက်လာရှာပေလိမ့်မည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက်။ တစ်ခုခုမှားနေမှန်း
ယူရှောင်းမို ရိပ်မိလိုက်တော့သည်။

ထွက်ပေါက်က သူ့ရှေ့တည့်တည့်မှာရှိနေသော်ငြား
မည်ကဲ့သို့လျှောက်ပါစေ အနီးကိုမရောက်ပေ၊
သူက တစ်လက်မမှမရွေ့သည့်အလားပင်။
ထိုအချိန်မှာပဲ သူရပ်တန့်လိုက်သည်။
တစ်ယောက်ယောက်က အစီအရင်တစ်ခု
သေချာပေါက်ထားထားသည်၊ ကြည့်ရသည်မှာ
သူတို့က သူ့ကိုအပြင်ထွက်စေချင်ပုံမပေါ်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now