Chapter-627-အလိုမလိုက်ရဲတော့ပါဘူး

6.8K 1.2K 87
                                    

//Unicode//
အပိုင်း ၆၂၇- မင်းတို့ကိုတအားကြီးကောင်းကောင်း
မဆက်ဆံပေးရဲတော့ဘူး

နဂါးမျိုးနွယ်သည် အသက်သလင်းပမာဏ
အတော်များများ စုဆောင်းမိထား၏။ ပမာဏမှာ
သူတို့စုထားသော မှော်ဆေးပင်များလောက်
မရှိသော်ငြား အသက်သလင်းများကို
စုဆောင်းလာသည်မှာ ရှေးယခင်ကတည်းကဖြစ်ကာ
သေချာကောင်းမွန်စွာသိမ်းဆည်းထားခဲ့ကြသည်။
ထို့ကြောင့်ပင် လုံယွဲ့တစ်ယောက် အဆင့်မြင့်
အသက်သလင်းအနည်းငယ် ခိုးထုတ်ပြီးရောင်းစား
နိုင်နေတာဖြစ်၏။ လူမိသွားလျှင်တောင်မှ သူက
ပေါ့ပေါ့လျော့လျော့အပြစ်ဒဏ်တစ်ခုသာ
ပေးခံရမှာဖြစ်သည်။

သို့သော်ငြား ယခုတစ်ခေါက်ကတော့ဖြင့်
ကိုယ်ပိုင်လဲလှယ်ခြင်းမဟုတ်တော့ပေ။ ဤတစ်ကြိမ်၌
လုံယွဲ့သည် နဂါးမျိုးနွယ်စုကိုယ်စား ကုန်သွယ်ရန်
လာခြင်းဖြစ်သည်။

သူတို့က တစ္ဆေသင်္ချိုင်းတောင်တန်းမှာဟု
လုံယွဲ့တစ်ယောက်ကြားလေသည်။
သူကိုယ်တိုင်ကလည်း တစ္ဆေသင်္ချိုင်းတောင်တန်းအား
လွန်စွာမှစိတ်ဝင်စားလေရာ ထိုနေရာမှာပဲတွေ့ကြဖို့
သူကအဆိုပြုသည်။ သူက ထိုနေ့မှာပဲချက်ချင်း
ထွက်၍ ညနေပိုင်းတွင် အရိုးဖြူမြို့သို့
ရောက်လေသည်။ သူ့ကို ယူရှောင်းမိုကိုယ်တိုင်
သွားကြိုသည်။

"မင်းတို့ကိုသတ်ချင်နေတဲ့လူ​တွေ တန်းစီနေတာပဲလို့
ကြားထားတော့ မင်းတို့တွေ ကောင်းကောင်းကန်းကန်း
နေရလိမ့်မယ်လို့မထင်ထားခဲ့ဘူး"

တောင်တွေကြား နေရောင်အောက်မှာလှပလင်းလက်
နေတဲ့နန်းတော်ကြီးတစ်ခုကို မြင်တွေ့ရသည့်အခါ
လုံယွဲ့တစ်ယောက် ဣဒြေဆယ်ဖို့ခဏမျှ
အချိန်ယူလိုက်ရလေသည်။ သူတို့ရဲ့နဂါးကျွန်း
မှာတောင်မှ ဤသို့လှပသည့်နန်းတော်များမရှိပေ။

ယူရှောင်းမိုက ရယ်ရင်း သူ့ပခုံးပုတ်လိုက်သည်။

"သွေးစွေးနီမိသားစုကိုပြောတာမလား။ သူတို့
ဘယ်လောက်ပဲလက်တံရှည်ရှည် ရှီကျင်းကိုတော့
မရောက်ပါဘူး ဟုတ်တယ်မလား"

ယူရှောင်းမိုရဲ့တုံ့ပြန်မှုကို လုံယွဲ့အလွန်ကြိုက်၏။
ရှီကျင်းဆိုတာ နတ်ဆိုးသားရဲတို့၏နယ်မြေဖြစ်သည်။
ထုံထျန်းနန်းတော်ဆိုလျှင်တောင် ဤနေရာတွင်
အခြေချချင်ပါက နယ်မြေခံများကလိုလား၊မလား
ကြည့်ရဦးမည်ဖြစ်သည်။ နတ်ဆိုးသားရဲများသည်
ဝင့်ကြွားသည့်သတ္တဝါများဖြစ်၍ သူတို့လောကကို
လူသားများဝင်ရောက်စွက်ဖက်တာ မနှစ်သက်ကြပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now