Chapter-593

6.4K 1.3K 32
                                    

//Unicode//

အပိုင်း၅၉၃- ပိတ်မိနေခြင်း

ခြုံထည်အနက်နှင့်လူပြောသည့် အဓိပ္ပါယ်​ကို
ရှယင်နှင့် မော့ချီရှစ်ယွမ်တို့နှစ်ဦးစလုံး
နားလည်သည်။ တစ်ယောက်တစ်ယောက်ချင်း
သာဆို နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦး
လွတ်မြောက်သွားနိုင်ရန်မှာ အင်မတန်လွယ်ကူသည်။

နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်အတွက်၊
နယ်မြေထိန်းချုပ်နိုင်စွမ်းမှာ နတ်ဒေဝါအဆင့်
ကျင့်ကြံသူထက် သုံးလေးဆပို၏။
သူ့ကို ဟန့်တားခြင်းပြုနိုင်သော်လည်း
လုံးဝကြီး ပိတ်ဆို့ခြင်းတော့မပြုနိုင်လေရာ
သူတို့သုံးယောက် ပူးပေါင်းမှရပေမည်။

သို့သော် သူတို့သုံးယောက်သည် မတူညီသည့်
အင်အားစုများမှဖြစ်၏။

ရှယင်သည် မော့ချီရှစ်ယွမ်အား ယုံကြည်ကောင်း
ယုံကြည်ပေးနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ်
အရင်က သူတို့ အကြိမ်ပေါင်းမရေတွက်နိုင်
လောက်အောင် ဆုံဖူး၍ တစ်ယောက်ကို
တစ်ယောက် တော်တော်လေးနားလည်သည်။
မော့ချီရှစ်ယွမ်က ယုံကြည်လို့ရသည့်လူမျိုး
ဖြစ်ကြောင်း ရှယင်ကသိသလို ရှယင်က
စကားတည်သူမှန်း မော့ချီရှစ်ယွမ်လည်းသိသည်။
သို့ပေမဲ့လည်း ပင့်ကူနက်ကမူ မတူညီသည့်
ကိစ္စဖြစ်၏။

ပင့်ကူနက်၏အကြောင်းကို လူများစွာသိကြသည်။
သူတို့က ဓားပြများထက်ပင် ဓားပြပိုဆန်ပြီး
စိတ်ရှိသလိုလုပ်သည့် မိစ္ဆာတစ်အုပ်ဖြစ်သည်။
ပြောပြီးသားစကားကို သာမာန်မျှပြန်ရုတ်သိမ်း
သွားနိုင်သည့်အတွက် အခြေခံအားဖြင့်
သူတို့ပြောသမျှ ဘာကိုမှယုံလို့မရချေ။
နေမင်းကြီး အနောက်မှထွက်သည့်နေ့မှ
သူတို့ကို ယုံလို့ ရပေလိမ့်မည်။

ဒါက ရှယင်နှင့်မော့ချီရှစ်ယွမ်တို့ အပြည့်အဝ
အာမမခံရသည့် တစ်ခုတည်းသော
အကြောင်းအရင်းပင်ဖြစ်သည်။
ပင့်ကူနက်၏ပန်းတိုင်ကို သူတို့
မသိသော်ငြားလည်း သီးခြားနယ်မြေနှင့် ထိုအတွင်းရှိ
ရတနာအပေါ် ခြုံထည်နက်နှင့်လူ၏ပူပင်မှုကို
မြင်လိုက်ရသည့်အချိန်တွင် ခြုံထည်နက်နှင့်လူ၏
အားနည်းချက်ကိုဖမ်းမိလိုက်ပြီဖြစ်ကြောင်း
သူတို့သိသွားခဲ့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now