Chapter-606

5.7K 1.2K 59
                                    

//Unicode//
အပိုင်း ၆၀၆- သေခြင်းမှကပ်သီလေးလွတ်မြောက်ခြင်း

ကန်ရေက တပွက်ပွက် ပွက်လာကာ
လေအေးများအပြည့်ပူဖောင်းများလွှင့်ထုတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းလျှို့၏လက်က သူနှင့်အနီးဆုံး
အရိုးခေါင်းဆေးပင်ကိုထိနေပြီဖြစ်သည်။
သို့သော်လည်း သူ့လက်က မှော်ဆေးပင်၏အရွက်အား
ထိလိုက်ချိန်တွင် ငုံနေသောပန်းအဖူးများက
ရုတ်တရက်ပွင့်အာလာသည်။

ပန်းအဖူးက အပြည့်အဝပွင့်သွားသောအခါ
အနက်ရောင်ထူပြစ်ပြစ်အရေများ ရုတ်ခြည်း
ပန်းထုတ်လိုက်၏။ ကျန်းလျှို့ကမူ ထိုပြောင်းလဲမှုကို
နည်းနည်းမှသတိမထားမိချေ။ နောက်ဆုံးတစ်ခဏ၌
သတိထားမိလိုက်နိုင်လျှင်တောင်မှ အချိန်မီ
မရှောင်လိုက်နိုင်ဘဲ  မျက်နှာတည့်တည့်
အပက်ခံလိုက်ရလေသည်။

တပွက်ပွက်အသံက ဆာလ်ဖြူရစ်အက်စစ်၏အသံ
ကဲ့သို့ပင်။

"အားးးးးးးးးး!!!"

ကျန်းလျှို့ထံမှ စူးရှသော ကြောက်မက်ဖွယ်
အော်သံကြီးတစ်ခုထွက်ပေါ်လာပြီး 
သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ မြေကြီးပေါ်
လူးလှိမ့်နေလေသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင်
သူ့မျက်နှာတစ်ခြမ်းက အရိုးဖြူဖြူများ
ပေါ်နေပြီဖြစ်သည်။ အနီရဲရဲသွေးတို့က
လည်ပင်းတစ်လျှောက်စီးကျလာချိန်မှာ
အရောင်ရင့်ရင့်စွန်းထင်းသွားပြီး အလွန်အမင်း
ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ့အော်ဟစ်သံများက ရှိနေသည့်လူအားလုံးနီးပါး၏
အာရုံကိုဆွဲဆောင်သွားသည်။ သူတို့က
အလျင်စလိုလှမ်းကြည့်လိုက်ကြပေမဲ့ ဘယ်သူကမှ
သွားမကယ်ကြပေ။ တချို့ဆိုလျှင်
အထင်သေးစက်ဆုပ်စွာဖြင့် လှောင်ရယ်သံတောင်
ပြုလိုက်ကြသေးသည်။

လူသားအဆင့်လွန်မှော်ဆေးပင်များကို
အဆင့်တစ်ခုတည်းအောက် ထားလို့မရပေ။

ဘာလို့ဆို လူသားအဆင့်လွန်မှော်ဆေးပင်တချို့မှာ
သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက် သဘာဝ
ခုခံနိုင်စွမ်းများရှိကြသောကြောင့်ပင်။ ဥပမာ
ထူးခြားသည့်နေရာများတွင် ပေါက်ရောက်သော
အရိုးခေါင်းဆေးပင်ကဲ့သို့သော
မှော်ဆေးပင်များကိုဆိုလျှင် ပိုလို့တောင်
သတိထားသင့်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now