Chapter-630-ဒုတိယစမ်းသပ်ချက်

4.9K 1K 29
                                    

Unicode
အပိုင်း ၆၃၀- ဒုတိယစမ်းသပ်ချက်

နောက်ဆုံးမှာတော့ လူသုံးယောက်သာ
ကျန်တော့လေသည်။

တစ်ယောက်မှာ ယူရှောင်းမိုဖြစ်သည်၊
ကျန်နှစ်ယောက်မှာတော့ ဆယ်ခုမြောက်တွင်းထိ
ဆက်လက်ကျန်ရှိနေသေးသည့် သက်တန့်အဆင့်
မှော်ဆရာနှစ်ဦးဖြစ်သည်။ ထိပ်ဆုံးသုံးယောက်ထဲမှာ
ရှိနေသည့် အခြားသောသန်မာသည့်
ပြိုင်ဖက်များလည်းရှိသေး၏။ မူလက
နောက်တစ်ယောက်ရှိသေးပေမဲ့ ထိုသူက
ဆယ်ခုမြောက်တွင်းကို ကိုးခုမြောက်ကျောက်တုံးဖြင့်
ဖြည့်ဖို့ရွေးချယ်သွားသည်။

ရလဒ်အနေဖြင့် ယူရှောင်းမိုက အထူးထင်ရှားလို့
နေတော့သည်။

သတ်မှတ်ထားသောအချိန် ထက်ဝက်ကျော်
ကုန်သွားပြီးကတည်းက ဤမြင်းနက်ကို
လူများပိုပို၍သတိထားမိလာကြသည်။ အခြား
နှစ်ယောက်နှင့် သူကအတူတူဖြစ်နေသည်ကို
ပွဲကြည့်ပရိသတ်များက တိုးတိုးတိုးတိုးဖြင့်
အံ့ဩစကားဆိုနေကြသည်။

လူအများစုကတော့ ယူရှောင်းမိုအား
မှတ်မိကြသေး၏။ သို့ပေမဲ့ ၎င်းမှာ လင်းရှောင်က
ထုံထျန်းတိုက်မကြီးတွင် နာမည်ကျော်ပြီး
သူနှင့်လင်းရှောင်တို့ကြားက ပတ်သတ်မှုကြောင့်
ဖြစ်သည်။ နတ်ဘုရားအဆင့်ကျင့်ကြံသူအနေဖြင့်
သူက လူအများ ကပ်ချင်ကြသည့်လူမျိုးဖြစ်သည်။
သို့ဖြစ်လေရာ ယူရှောင်းမိုက သူ့လက်တွဲဖော်
ဖြစ်ကြောင်းကို သိကြရပြီးနောက်တွင် လူများ
ပိုမိုများပြားလာတော့သည်၊ အထူးသဖြင့်
သူ့ကိုအားကျနေကြသော အမျိုးသမီးများနှင့်
အနည်းစုသောယောက်ျားလေးများပင်။

သို့သော် ရှောင်ယောင်တက္ကသိုလ်မှ
လူများအတွက်မူ သူသည် လင်းရှောင်အတွက်
ပိုမိုထင်ပေါ်စေသည့်နှိုင်းစရာတစ်ခုမဟုတ်ပေ။
လင်းရှောင်မပါဘဲနှင့်တောင် သူဟာလည်း
အင်မတန်တောက်ပသည့်လူတစ်ယောက်ဆိုတာ
လူတိုင်းသိကြသည်။ လင်းရှောင်နှင့်ယှဉ်လိုက်ချိန်မှာ
သူ့တောက်ပမှုတွေရဲ့ တစ်ဝက်ကျော်ကျော်လောက်
အဖုံးခံလိုက်ရတာလေးပဲ ပြောစရာရှိပေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now