Chapter-660

3.5K 651 4
                                    

Unicode

အပိုင်း ၆၆၀- တကယ့်အကြောင်းအရင်း

နတ်ဘုရားအဆင့် ကျင့်ကြံသူသုံးယောက်
တိုက်ပွဲရဲ့ သက်ရောက်မှုက အင်မတန်ကြီးပြီး
ဘေးပတ်ပတ်လည်တစ်နေရာလုံး
ပျက်စီးစေသည်။ စွမ်းအားများကြောင့်
မြေကြီးက အနက်ရောင်သမ်းလို့နေပြီး
ဘေးမှကြည့်နေသူအချို့လည်း သက်ရောက်
ခံရလေသည်။

သို့သော်လည်း ထျန်းကွေ့က အခုလေးပဲ
အနိုင်ရထားသူ​ကို ထားကာ အခြားတစ်ယောက်နောက်သို့ လိုက်သွားတာကို
မြင်လိုက်ရချိန်မှာတော့ လူအုပ်ကြီးတစ်ခုလုံး
အံ့ဩသွားကြတော့သည်။ တန်ဖိုးအရဆိုလျှင်
ကြယ်နှစ်ပွင့်ဖြစ်တဲ့ ချန်ယိက ကြယ်လေးပွင့်လူနှင့်
မယှဉ်နိုင်ဘူးလေ။

ကြယ်လေးပွင့် ကျင့်ကြံသူက ခယ့်ယွီမင်ပင်ဖြစ်သည်။

ကိုယ်ပေါ်က သွေးတွေက သူ့ကို ဒဏ်ရာ
အပြင်းအထန် ရထားပုံပေါ်စေပေမဲ့ အမှန်မှာ
ဒဏ်ရာအသေးအဖွဲလေးများသာ ဖြစ်သည်။
သူ့ မူလအသွင်က ခန္ဓာကိုယ် သန်မာသည့်
ကြံ့ကဲ့သို့ သားရဲတစ်မျိုး ဖြစ်သောကြောင့်
တစ်ချက်တည်းနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရဖို့
မဖြစ်နိုင်ပေ။

ထျန်းကွေ့က ချန်ယိနောက် လိုက်သွားတာကို
မြင်သည့်အခါ ခယ့်ယွီမင်၏မျက်လုံးထဲတွင်
အားရကျေနပ်သော အရိပ်တစ်ခု ဖြတ်ပြေးသွား
သည်။ ကြယ်သုံးပွင့်ကောင်ဆီမှာ ရှုံးနိမ့်ရတာ
ရှက်ဖို့ကောင်းသော်လည်း ထျန်းကွေ့ဟာ ကြယ်နှစ်ပွင့်
အဆင့်တုန်းက ထုံထျန်းနန်းတော်က ကြယ်သုံးပွင့်
ကျင့်ကြံသူကို အနိုင်ပိုင်းခဲ့ကြောင်း သူကြားထား
သည်။

ထျန်းကွေ့ တိုက်ပွဲအတွင်း အဆင့်တက်လာတာကို
ကြိုသိထားခြင်းမရှိခဲ့ရတာကြောင့် ထျန်းကွေ့က
ကြယ်သုံးပွင့်ဆိုတာ သိလိုက်ရတာနဲ့တစ်ပြိုင်နက်
သူ့ရဲ့စိတ် ယိမ်းယိုင်သွားခဲ့သည်။
ထျန်းကွေ့ သတ်တာကို ခံခဲ့ရသည့် ကြယ်သုံးပွင့်
ကျင့်ကြံသူက သူ့စိတ်ထဲ အမြဲရောက်ရောက်လာ
သည်။ သေရမှာကြောက်နေသည့် စိတ်ကြောင့်
သူ့အဟုန်က ချက်ချင်း ပျောက်ဆုံးသွားခဲ့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now