Chapter-657

5.1K 840 67
                                    

Scroll down for Zawgyi.

Unicode.
အပိုင်း ၆၅၇- တစ်ယောက်ချင်းတိုက်ပွဲ

ယူရှောင်းမို လိုဏ်ခေါင်းအတွင်းမှ ထွက်လာချင်းချင်း
အေးစက်သော ဝါးမြိုစွမ်းအားအလင်းတန်းတစ်ခုက
သူ့ဆီသို့ တည့်တည့်တိုက်ခိုက်လာသည်။ သူက
ပြင်ဆင်ထား၍မဟုတ်ပါက ထိမှန်ဖို့ များလေသည်။

သူ့ကိုတိုက်ခိုက်သူမှာ လိုဏ်ခေါင်းထဲမှ အရင်
ပြေးထွက်သွားသည့် ဖန့်ယန်ပင်ဖြစ်သည်။

အလင်းတန်းအား ရှောင်ပြီးသည့်နောက် ဖန့်ယန်က
မှောင်မိုက်၍ ကြမ်းကြုတ်သောအမူအရာတစ်ခုဖြင့်
သူ့ကို စိုက်ကြည့်လျက် ဂူအဝတွင် ရပ်နေသည်ကို
မြင်လိုက်ရသည်။ သူ့လက်ထဲတွင် မည်သည်ကမှန်း
မသိ ရောက်လာသော လက်နက်တစ်ခုရှိနေပြီး
အကြိမ်အနည်းငယ်မျှ ဝှေ့ယမ်းလိုက်ရာတွင်
သူ့ထံသို့ ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု
ကျရောက်လာသည်။

ကျဉ်းမြောင်းသောဂူလေးအတွင်းတွင် ကြီးမားသော
လှုပ်ရှားမှုများ ပြုလုပ်ဖို့ရန် မဖြစ်နိုင်ဘဲ
ယူရှောင်းမိုအနေဖြင့် လက်များကိုမြှောက်၍
ခုခံအတားအဆီးတစ်ခုလုပ်ခြင်းမှတစ်ပါး
ရွေးချယ်စရာမရှိပေ။ ဓားအလင်းက အတားအဆီးကို
ခုတ်ပိုင်း၍ ခဏကြာပြီးနောက် ပျောက်ကွယ်သွားကာ
သူ့ကို အမြန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးပေးသည်။
ယူရှောင်းမိုက များစွာသော*ပဲ့တင်သံကျည်ဆန်များ
အသာထုတ်လိုက်သည်၊ သို့ရာတွင် ၎င်းတို့အားလုံး
ဖန့်ယန်ဓား၏ တားဆီးခြင်းကိုခံလိုက်ရ၏။

(t/N- resonance bul*lets လို့ပါတာပါ)

ယူရှောင်းမို၏ပုံရိပ်က ဖြတ်ခနဲဖြစ်သွားပြီး
တစ်ခဏချင်း ပျောက်ကွယ်သွားသည်။

ဖန့်ယန်၏မျက်လုံးများက စိုးရိမ်တကြီးဖြစ်သွားပြီး
သူက ဘယ်ဘက်သို့ ကိုယ်ကို ရုတ်တရက်စောင်း၍
လက်ထဲမှ ဓားရှည်ဖြင့် တစ်ပြိုင်နက်တည်းဆိုသလို
အောက်သို့ပိုင်းချလိုက်သည်။ 'ချလွင်'ခနဲ အသံများ
ထွက်ပေါ်လာကာ သူတို့နားများကို အူထွက်သွားစေ
ပြီး ယူရှောင်းမို၏ပုံရိပ်နှင့်အတူ ရွှေရောင်
ဂေါ်ပြားတစ်လက်က ၎င်း၏ပုံစံအစစ်အမှန်ကို
ဖော်ပြလာသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now