Chapter-624- စာအုပ်စုဆောင်းရေး

6K 1.2K 46
                                    

//Unicode//
အပိုင်း ၆၂၄- စာအုပ်ဝယ်ခြင်း

တစ္ဆေသင်္ချိုင်းတောင်တန်းမှာ လူတစ်ယောက်
အိမ်လာဆောက်နေကြောင်း ထျန်းကုံတို့
သတင်းရချိန်၌ ယူရှောင်းမိုတို့အိမ်မှာ ပြီးလုနီးပါးပင်
ရှိပြီဖြစ်သည်။

နန်းတော်ကကျယ်ဝန်းပြီးလစ်ဟာနေရာ ယူရှောင်းမိုက
သူ အရင်သိမ်းထားသော ပရိဘောဂများ
ထည့်လိုက်ပြီး စင်္ကြံလမ်းများအတွက်
အပင်အနည်းငယ်တောင် ထားလိုက်သည်။
လူက လေးယောက်သာဖြစ်သော်လည်း
သေသေချာချာ ပြင်ဆင်ပြီးနောက်တွင်
ကျယ်ဝန်းသည်ဟုမထင်ရတော့ပေ။

ထျန်းကုံကလူလွှတ်လိုက်ချိန်တွင် သူတို့ပြင်ဆင်တာ
အကုန်ပြီးနေပြီဖြစ်သည်။

ရှီကျင်း၏လက်ရှိအခြေအနေကြောင့် ရန်သူလား
မိတ်ဆွေလား မကွဲပြားသေးချိန်တွင် ထျန်းကုံက
သတိကြီးစွာထားလျက်ချဉ်းကပ်လာသည်။
သို့သော် သူတို့မည်မျှသတိထားပါစေ
နောက်ဆုံး၌ လင်းရှောင်ရဲ့ တောင်ကုန်းပေါ်ကနေ
ကန်ချတာခံလိုက်ရလေသည်။

စုံစမ်းကြည့်ဖို့စေလွှတ်ခံရသောသူများမှာ
ဟွားကုတပည့် ရှောင်စန်းဟူသောလူနှင့်
နောက်တစ်ယောက် ဟွား​တျောက်တို့ဖြစ်၏။
သူတို့နာမည်များက မှတ်ရလွယ်သဖြင့်
ထိုအတိုင်း ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်သည်။

ယခင်က ရှောင်စန်းမှာ အင်ပါယာအဆင့်တောင်
မရှိသေးပေ၊ သို့သော် ဟွားကုနဲ့အတူ
တစ္ဆေငိုညည်းတောင်ကလပ်သို့ ဝင်ရောက်ပြီး
ကတည်းက အင်ပါယာအဆင့်ကျင့်ကြံသူ
တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း
၎င်းမှာ ခွန်အားအရာတွင်နိမ့်နေတုန်းပဲဖြစ်ပြီး
တစ္ဆေသင်္ချိုင်းတောင်တန်းတွင် သွားလာရခြင်းမှာ
သေမင်းတံခါးဝနှင့်ကပ်လျက်မှာ သွားရသည်နှင့်
တူညီပေသည်။ သို့ပေမဲ့ ၎င်းက သူကလုံးဝ
သုံးစားမရဘူးဟုမဆိုလိုပေ။

ထျန်းသောက်က သူ့ကို အငွေ့အသက်
ဖုံးကွယ်ပေးသည့်ဆေးလုံးတစ်လုံးပေးလိုက်သည်၊
ထိုမှော်ဆေးလုံးနှင့်ဆိုလျှင် ငတုံးတစ်ကောင်
မဟုတ်ပါက သူများတွေ့မှာပူစရာမလိုသင့်ပေ။
ရှောင်စန်းမှာ ထိုဆေးလုံးအား အလွန်ယုံကြည်လေရာ
လင်းရှောင်ကန်ချတာခံလိုက်ရချိန်၌
သူ့အမူအရာတစ်ခုလုံးက ကြောင်အနေလေသည်။
ယူရှောင်းမိုမှာ သူခေါင်းထိပြီး ချောင်သွားတာ
များလားဟုပင် တွေးမိလေ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now