Chapter-604

7.1K 1.2K 64
                                    

//Unicode//

အပိုင်း ၆၀၄- စိတ်ဝိဉာဉ်တောင်၏စံအိမ်ရှစ်ခု

အပျက်အစီးများ၏ဝင်ပေါက်ကို စောင့်ကြပ်နေသော
နတ်ဒေဝါအဆင့်ကျင်ကြံသူသုံးယောက်
ရှိနေလေသည်။ သူတို့ဆီက ရှိန်လောက်သည့်
အရှိန်အဝါများထုတ်လွှတ်နေသည်၊
ဧကရာဇ်အဆင့်အထက်ရှိသူများက အထဲသို့
ဝင်သွားကြပြီဖြစ်၍ ကျန်ရှိနေသူများမှာ
ဧကရာဇ်အဆင့်အောက်လူများပင်ဖြစ်သည်။
အင်အားစုကြီးများက အာဏာအားလုံးကို
ချုပ်ကိုင်ထားတယ်ဆိုပေမဲ့ တစ်ကိုယ်တော်
ကျင့်ကြံသူများအတွက် အခွင့်အရေးတစ်ခု
ချန်မပေးထားဘူးဆိုပါက ထကြွသောင်းကျန်းမှုများ
ပေါ်ပေါက်လာနိုင်ပေသည်။

(ပြောချင်တာက တစ်ကိုယ်တော်ကျင့်ကြံသူဆိုရင်
ဧကရာဇ်အဆင့်ရဲ့အထက်ရှိမှ အထဲကို
ဝင်လို့ရတာပါ)

ချန်ရှန်းရုန်က သူတို့ရှေ့မှသွားသည်။
မော့ချီရှစ်ယွမ်၏သားဟူသော ဂုဏ်ပုဒ်က
အာဏာရှိပေသည်၊ အစောင့်သုံးယောက်က
သူ့ကို ချက်ချင်းပဲလမ်းဖယ်ပေးလိုက်ကြသည်။

သို့သော်လည်း သားဖြစ်သူ အန္တရာယ်ကြုံမည်စိုး၍
မော့ချီရှစ်ယွမ်က သူတို့ကိုစောင့်ကြိုဖို့
လူတစ်ယောက်ချန်ထားခဲ့လေသည်။
သူက နတ်ဘုရားအဆင့်မရှိသော်ငြား
စူးစမ်းရှာဖွေခွင့်ရထားပြီးနှင့်သားဖြစ်သည့်
ကြယ်လေးပွင့်နတ်ဒေဝါအဆင့်သိုင်းပညာရှင်
တစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့
သုံးယောက် အထဲဝင်သွားကြဖို့ သိပ်မကြာလိုက်ချေ။

ထို့နောက်တွင် နတ်ဒေဝါအဆင့်သိုင်းပညာရှင်
သုံးယောက်က စောင့်ကြပ်မှုကိုဆက်လက်
လုပ်ဆောင်ကြလေသည်။

အရပ်မျက်နှာတစ်ခုကို လူတစ်ယောက်
စောင့်ကြပ်နေရာ သာမန်လူတစ်ယောက်
အနားကပ်နိုင်ဖို့ရန်မဖြစ်နိုင်ပေ၊ သူတို့
ထုတ်လွှင့်နေသောအရှိန်အဝါကတင် လုံလောက်နေပြီ
ဖြစ်သည်။

လူအုပ်ကြီး၏တီးတိုးပြောသံများက
စောဒကတက်ခြင်းများအပြည့်ပင်။ ရတနာက
သူတို့ရှေ့တည့်တည့်မှာတင် မဟုတ်လား။
သူတို့သာ ဝင်နိုင်မယ်ဆိုရင် အခွင့်အရေး
ရနိုင်သေးသည်လေ။ သို့သော်လည်း
ဤလူများက အပေါက်ကိုပိတ်ထားကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now