Chapter-596

6.4K 1.3K 93
                                    

//Unicode//

အပိုင်း၅၉၆– အသိဉာဏ်(အသိစိတ်)ကို
ဖယ်ရှားခြင်း

တဲအိမ်လေးဆီ သူ ပြန်ရောက်လာတော့
လင်းရှောင်သည် အထဲ၌ အနားယူနေဆဲဖြစ်၏။

ယူရှောင်းမိုက အတွင်းကို တစ်ချက်သွားကြည့်ရာ
အိမ်စောင့်အဖြစ် ကျန်နေခဲ့သည့်
သတ္တုစားသားရဲလေးက တိုတိုတုတ်တုတ်
ခြေထောက်လေး လေးချောင်းဖြင့် သူ့အပေါ်
ခုန်တက်လာသည်။

သူ့ရဲ့သခင်ငတုံးမရှိတဲ့ဘဝက တအား
ပျင်းဖို့ကောင်းတယ်။

ယူရှောင်းမိုက ရေဒြပ်စင်အဆီအနှစ်ကို
ကိုင်တွယ်ပြီးနောက်မှာ သတ္တုစားသားရဲလေးနှင့်
ရွှေတောင်ပံပိုးကောင်များကို
အပြင်မှာနေခွင့်ပေးထားခြင်းဖြစ်သည်။
ဤလအတွင်း ၎င်းတို့မှာ စားကောင်းသောက်ဖွယ်များ
စားသောက်နေခဲ့ရ၍ ရလဒ်အနေဖြင့် ကြေးများ
လာကြလေသည်။ သူ အမဲလိုက်ပြီးပြန်လာသည်နှင့်
၎င်းတို့မှာ သွားရည်ယိုနေကြလေပြီ။

ယူရှောင်းမိုက သူ့ပေါင်ပေါ်က
သတ္တုစားသားရဲလေးကို ခွာပြီးပစ်ထုတ်လိုက်သည်။
သားရဲလေးက ငှက်မွှေးလေးအလား လေထဲ၌
တစ်ပတ်လှည့်ကာ ကြမ်းပေါ်ကို ဖွဖွကလေး
ကျသွားလေသည်။ ၎င်းမှာ နှစ်ပတ်တာ
လေ့ကျင့်ခြင်း၏ရလဒ်ပင် ဖြစ်သည်။

ရွှေတောင်ပံပိုးကောင် နှစ်ကောင်မှာမူ
သတ္တုစားသားရဲလေး ကံဆိုးတာကို လှောင်ရယ်ကာ
သူ့ဘေးနားတွင် ပျံဝဲနေကြလေသည်။
သတ္တုစားသားရဲလေးက မာန်အပြည့်ဖြင့်
ခေါင်းယမ်းလိုက်၏။

ယူ​ရှောင်းမိုမှာ ၎င်းတို့အား စိတ်ကုန်နေပြီဖြစ်၍
အစားအသောက်ချက်ပြုတ်ရန် သူ့ရဲ့
အမောက်နီကြက်ဆင်ကို သယ်ပြီးထွက်လာခဲ့
တော့သည်။

အမောက်နီကြက်ဆင်က သာမာန်ကြက်ဆင်ထက်
ပိုကြီးသဖြင့် ကိုင်ရခက်သော်လည်း ၎င်းက
သာမာန်ကြက်ဆင်သုံးကောင်စာလောက်
ဝသည်။ သူတို့ရဲ့ စားပွဲဝိုင်းမှာ သားရဲလေးတွေပါ
လာတဲ့နေ့ကစ သူတို့လည်း ကျောက်ဟွားကျီကို
ကြိုက်သွားကြသည်။ ထို့ကြောင့် သူတို့ပါ
စားရရန်အတွက် တစ်ခါချက်လျှင် နှစ်ကောင်
သုံးကောင်ချက်ခဲ့ရသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now