Chapter-618

5K 1.1K 24
                                    

//Unicode//
အပိုင်း ၆၁၈- အဖမ်းခံရပြီ

ယူရှောင်းမိုက ယခု သက်တန့်အဆင့်လေး
မှော်ဆရာတစ်ယောက်ဖြစ်သည်။ သူ
အဆင့်တက်ထားတာ သုံးလပင်မရှိသေးသော်လည်း
ဤကာလအတွင်းမှာ အခြေခိုင်အောင်လုပ်ထား
ပြီးနောက် သူ့ကျင့်ကြံဆင့်က တည်ငြိမ်နေပြီ
ဖြစ်သည်။ ယူချီပေက စစ်နတ်ဘုရားလေးပါး၏
ခေါင်းဆောင်ဖြစ်သော်ငြား နတ်ဘုရားအဆင့်ကို
မရောက်သေးသရွေ့ ယူရှောင်းမို၏ပြိုင်ဖက်
မဖြစ်နိုင်ပေ။

ယူချီပေက ကျီးခန္ဓာကိုယ်တည်ဆောက်ပုံနှင့်
မွေးဖွားလာခြင်းဖြစ်လျှင်တောင် သူက
ဒဏ်ရာရထားတုန်းပဲဖြစ်သည်။

အောက်၌ ဖူကျစ်လင်းက မျက်တောင်မခတ်
စိုက်ကြည့်နေသည်။ ဤတစ်ရက်အတွင်းမှာ
ဆက်တိုက်ထိုးနှက်မှုများစွာ ခံထားရပြီဖြစ်၍
သူ့မှာ ကိုင်တွယ်နိုင်စွမ်းပင်မရှိတော့ချေ။

သူ့ရှစ်တိလေးက ကြယ်ခုနစ်ပွင့် နတ်ဒေဝါအဆင့်
ကျင့်ကြံသူနှင့်တိုက်ခိုက်နေတာဖြစ်ပြီး သူက
အထက်စည်းရနေသည်မှာထင်ရှားသည်။
ကျီးကန်းဟုခေါ်သည့်လူက သူတို့နှင့်ပထမဆုံး
ဆုံချိန်မှာ ဒဏ်ရာရထားနှင့်ပြီဖြစ်၍
နောက်ဆုံးတွင် တိုက်ပွဲမှဆုတ်ခွာရုံသာ
တတ်နိုင်လေသည်။

သတ္တုစားသားရဲလေးနှင့်ရှောင်ဖင်းတို့ကလည်း
မြင်သည်။ သားရဲလေးနှစ်ကောင်၏မျက်လုံးများက
မည်သူမှသတိမထားမိစေဘဲ ဆုံသွားကြသည်။
ထို့နောက် ဖူကျစ်လင်း၏လက်ထဲမှ ရုတ်တရက်
ပြေးထွက်သွားကြ၏။

သူတို့နှစ်ကောင် တိုက်ပွဲဧရိယာထဲဝင်သွားပါက
ရှစ်တိလေးအတွက် ပြဿနာဖြစ်စေမည်ဟု
ဖူကျစ်လင်းတွေးမိသည်။ သူတို့ကို ပြန်ခေါ်တော့မည့်
အချိန်တွင် သူတို့ကကျီးကန်းဟူသောလူဆီသို့
ခပ်မှန်မှန်ပြေးလွှားသွားကြတာကို မြင်လိုက်ရလေ
သည်။

ကျီးကန်းက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားပုံ
မပေါ်သော်လည်း သူ့အတွင်းဒဏ်ရာများက
အတော်အတန်ပြင်းထန်သည်။

ယူရှောင်းမို၏ပုံစံက လင်းရှောင်နှင့်သိပ်မတူပေ။
သူက အလွန်အမင်းသွေးသံရဲရဲနှင့်ဖြစ်ရပ်များကို
အသားမကျသဖြင့် တစ်ဖက်လူ၏မရီဒီယန်များကို
တိုက်ရိုက်နှောင့်ယှက်ဖို့နည်းလမ်းကို ရွေးခဲ့သည်။
မရီဒီယန်(စွမ်းအားသိုလှောင်ရာ)များ
ဒဏ်ရာရသည့်အခါ ထိုသူ့၏တိုက်ပွဲစွမ်းရည်က
သိသာစွာကျဆင်းသွားမည်ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now