Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ

5.3K 1K 51
                                    

Unicode
အပိုင်း ၆၄၃- ရှေးမဟာစစ်ပွဲကြီး၏မူလအစ

သူ့သခင်ဖြစ်သူ နယ်မြေထဲကထွက်လာပြီဖြစ်ကြောင်း
ကြားသည်နှင့် မြွေပါသားရဲသည် အမြန်ပြေးသွားလေ
သည်။ ဖီချုံးနှင့် ကြောင်ဘောလုံးတို့လည်း
လိုက်သွားကြသည်။ သူတို့က အတန်ငယ်
အားနည်းသဖြင့် တစ္ဆေငိုညည်းတောင်ကလပ်သို့
မသွားကြဘဲ သတ္တုစားသားရဲလေးတို့နှင့်အတူတူ
နန်းတော်မှာပဲနေနေကြသည်။

နတ်ဆိုးသားရဲများသည် အထဲသို့ဝင်ရန်
တိုးဝှေ့နေကြ၏၊ သို့သော် သူတို့သခင်ဘေး၌
လင်းရှောင်ထိုင်နေသည်ကို မြင်သောအခါ
ငြိမ်ကျသွားကြတော့သည်။

သူတို့သခင်က လတ်တလော နယ်မြေထဲတွင်
အကြီးအကဲလင်းရှောင်အား ဂရုစိုက်ပြုစုပေးနေခဲ့ရ၍
သူတို့ကို ကြည့်ပေးမည့်သူမရှိတော့သောအခါ
ဗြောင်းဆန်နေကြသည်။ အစတုန်းကတော့ သူတို့ကို
ကြည့်ပေးနေမှာဖြစ်ပေမဲ့လို့ အားကိုးလို့အရဆုံးတော့
မဟုတ်သည့် ယူကျွင်းချီတစ်ယောက်ရှိနေသေးသည်။

အံ့ဖွယ်ကောင်းစွာ အားကိုးလို့အရဆုံးမှာ
အားအနည်းဆုံးမြွေပါသားရဲဖြစ်နေသည်။
သို့ပေမဲ့လို့ ယူရှောင်းမိုပေးထားသည့် ဆေးလုံးများ၊
အသက်သလင်းများဖြင့် သူ့စွမ်းအားဟာလည်း
အတော်လေးတော့တိုးတက်လာသည်။ ယခုဆို
ပိုမိုသန်မာသော ကိုက်ဖြတ်သတ္တဝါ
နတ်ဆိုးသားရဲများနှင့် အရေအတွက်ပိုများများလည်း
အမိန့်ပေးစေခိုင်းနိုင်နေပြီဖြစ်၏။

တစ္ဆေသင်္ချိုင်းတောင်တန်းသည် အန္တရာယ်များသော
စစ်ပွဲဇုံကြီးဖြစ်နေတုန်းပင် ဖြစ်သော်ငြား ယခုဆို
သူ့တွင် မျက်လုံးများစွာရှိနေလေပြီ။ တစ္ဆေသင်္ချိုင်း
တောင်တန်းနှင့် အရိုးဖြူမြို့တို့မှာ တစ်စုံတစ်ရာ
ဖြစ်ပျက်ခဲ့ပါက သူက ထျန်းသောက်ထက်ပင်
သတင်းအရင်ရပေလိမ့်မည်။

ယူရှောင်းမို၏လက်ရှိ အချစ်တော်လေးမှာ
မြွေပါသားရဲပင်။ သူ့ကိုတွေ့ရတော့ ယူရှောင်းမိုအား
မြွေပါသားရဲဆီအပ်ထားခဲ့သည့် ဝတ်ရုံနက်နှင့်လူကို
အမှတ်သွားရစေသည်။ ပြန်လာခဲ့တဲ့နောက်ပိုင်း
အချိန်အများစုကို လင်းရှောင်ကိုပြုစုရင်း
နယ်မြေထဲမှာပဲကုန်ဆုံးခဲ့တာကြောင့် အခုရက်ပိုင်း
ဘာတွေဖြစ်ပျက်သေးလဲ မသိပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now