Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး

6.1K 1K 22
                                    

Unicode
အပိုင်း ၆၄၈- ကောင်းချီးငါးဖြာစိတ်မျက်လုံး

ချီလင်မျိုးနွယ်စုအကြောင်းပြောပါက လင်းရှောက်ယီ
အကြောင်း မပါရင်မပြီးပေ။

နတ်ဆိုးဖီးနစ်မျိုးနွယ်စုနှင့် ယှဉ်လျှင် ချီလင်
မျိုးနွယ်စုက ပိုမိုကိုင်တွယ်ရခက်နေရသည့်
အဓိကအကြောင်းအရင်းမှာ လင်းရှောက်ယီ၊
ဒီလူနှင့်ဆက်နွယ်နေသည်။ လင်းရှောက်ယီ
ထွန်းလင်းတောက်ပလာကတည်းက ချီလင်
မျိုးနွယ်စုသည် သူ့အိတ်ကပ်ထဲကပစ္စည်းတစ်ခု
ဖြစ်လာခဲ့သည်။

လင်းရှောင်သည် မျိုးနွယ်စုခေါင်းဆောင်နေရာ
ဆက်ခံရန် အရည်အချင်းပြည့်မီသော်ငြား
မျိုးနွယ်ဝင်များ၏ကန့်ကွက်မှုနှင့် သူတို့နှင့်
တစ်နေရာတည်းတွင် မနေချင်သော သူ၏
ခုခံမှုတို့ကြောင့် လက်ရှိမျိုးနွယ်စုခေါင်းဆောင်က
သူ့ကို မငြင်းဆန်ဘူးဆိုတာသိရင်တောင် သူက
အခြားမျိုးနွယ်ဝင်များနှင့် အပြောအဆိုအဆက်အဆံ
လုပ်ဖို့ စိတ်မပါသေးပေ။

ထို့အပြင် အကြောင်းအရင်းများထဲမှတစ်ခုက
လင်းကုက အစပြုသည်။

လင်းရှောင်ရဲ့ဖခင်ဖြစ်သူ ချီလင်မျိုးနွယ်စုရဲ့
အကျဉ်းချတာခံရပြီးကတည်းက လင်းကုသည်
ချီလင်မျိုးနွယ်စုအပေါ် ဘယ်တုန်းကမှ
အကောင်းမမြင်ခဲ့ပေ၊ ဒါကြောင့်ပဲ သူက
ငယ်သေးသည့်လင်းရှောင်ကို မျိုးနွယ်စုအတွင်းမှာ
မနေထိုင်ခိုင်းဘဲ သူ့ကို ချီလင်မျိုးနွယ်စု၏
မကောင်းကြောင်းများ မကြာခဏဆိုသလို
သင်ပြခဲ့ခြင်းဖြစ်ပေသည်။

သို့ဖြစ်လေရာ သူတို့နှစ်ဦးစလုံးက ဆက်ခံရန်
အတွက် အရွေးချယ်ခံများဖြစ်ပေမဲ့လို့
လင်းရှောက်ယီက မွေးရာပါအားသာချက်များ
ပိုမိုများပြားသည်။ မျိုးဆက်သုံးဆက်ထဲတွင်
သူက အထူးချွန်ဆုံးလူငယ်ဖြစ်သည်၊
ကျွမ်းကျင်လိမ္မာပြီး ဉာဏ်နီဉာဏ်နက်များသည်၊
သူက လူတွေရဲ့ထောက်ခံမှုရအောင်
ဘယ်လိုလုပ်ရမလဲသိသည်။

အခုဆိုရင် မျိုးနွယ်စုခေါင်းဆောင်မှတစ်ပါး
လင်းရှောင်၏အဘိုးဖြစ်သူ၊ လင်းထျန့်အပါအဝင်
ချီလင်မျိုးနွယ်စုတစ်ခုလုံးက လင်းရှောက်ယီဘက်
ပါနေကြပြီဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now