Chapter-620- ဒုတိယမြောက်တိုက်ပွဲ

5.9K 1.2K 157
                                    

//Unicode//
အပိုင်း ၆၂၀- ဒုတိယမြောက်တိုက်ပွဲ

ပထမ၌ ပိုင်နက်ထဲတုန်ခါမှုက မသိသာပေ၊
သို့ဆိုလျှင်တောင် ယူကျန်ထျန်းက ၎င်းကို
သတိပြုမိလောက်အောင်ထိ ပါးနပ်၏။ သူ့ပိုင်နက်ကို
ယုံကြည်ချက်ရှိသဖြင့် မူလက၎င်းကို
စိတ်ထဲမထားမိပေ။ ဖူချန်ချုံးတို့လိုလူများ
မဟုတ်သရွေ့ သူ့ပိုင်နက်အား ဖျက်ဆီးနိုင်သူ
မရှိပေ။

ယူရှောင်းမိုကိုဖမ်းဖို့က အရေးအကြီးဆုံး
ကိစ္စဖြစ်သည်၊ သို့သော် တစ်မိနစ်တောင်မရှိသေးခင်
တုန်ခါမှုက ပိုလို့သိသာလာလေသည်။

ယခုအချိန်မှာ သူတို့က အနက်ရောင်စက်လုံးကြီး
တစ်လုံးထဲပိတ်မိနေသလို အနက်ရောင်နယ်မြေကြီး
တစ်ခုထဲမှာ ပိတ်လှောင်နေတာဖြစ်သည်။ သို့ပေမဲ့
ပိုင်နက်က စတင်၍ ပြင်းထန်စွာလှုပ်ခါလာသည်နှင့်
အမျှ မျက်နှာကြက်မှ အနက်ရောင်မှန်ကွဲစများ
စတင်ပြုတ်ကျလာတော့သည်။

ပိုင်နက်က ပြိုလဲလာနေသည်။

တစ်စုံတစ်ယောက်က သံမဏိတူကြီးဖြင့်
အပိုင်းပိုင်းဖြစ်အောင်ထုနှက်နေသကဲ့သို့
ထုရိုက်သံများ တစ်ချက်ပြီးတစ်ချက်
ထွက်ပေါ်လာသည်။

ကြီးမားလာနေသောအက်ကွဲကြောင်းကို
ယူကျန်ထျန်းမှာ မည်းမှောင်နေသောအမူအရာဖြင့်
ကြည့်နေရုံသာတတ်နိုင်လေသည်။
မီးမောင်းထိုးသကဲ့သို့ နေရောင်က
ဖောက်ထွင်းဝင်ရောက်လာပြီး တိုက်ဆိုင်စွာပင်
ယူရှောင်းမိုအပေါ်ကျဆင်းလာသည်။

ယူရှောင်းမို၏နှလုံးက စတင်၍ကြမ်းတမ်းစွာ
ခုန်လာသည်၊ လင်းရှောင်ဟု သူခံစားမိနေ၏။
သူတော့ အကယ်တင်ခံရပေပြီ၊ အော်ဂလီဆန်စရာ
မြေခွေးအိုကြီး ယူကျန်ထျန်းနှင့်မျက်နှာချင်း
ဆိုင်စရာ မလိုတော့၊ သူ့ရဲ့အိုမင်းနေတဲ့
မျက်နှာကြီးကိုမြင်ရတာ သူ့ကိုအန်ချင်စိတ်
ဖြစ်စေသည်။ သူမြင်ဖူးသည့် အခြားသော
'အံ့ဖွယ်'လူသားများနှင့်ယှဉ်ပါက သေကို
မသေနိုင်သော ဤအဘိုးကြီးက 'အံ့ဖွယ်'
အကောင်းဆုံးပင်။

တွေးတောနေရင်း ယူရှောင်းမိုက ယူကျန်ထျန်း၏
အာရုံ အနက်ရောင်အက်ကြောင်းကြီးဆီမှာ
ရှိနေတုန်း အနက်ရောင်စက်လုံးနားမှ
ကုပ်ကုပ်လေးထွက်သွားရန်ကြိုးစားလိုက်သည်၊
သို့ပေမဲ့ သူလှုပ်လိုက်ချင်းချင်း ယူကျန်ထျန်းက
သတိထားမိ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now