Chapter : 109 (ဒု)

11.6K 1.2K 465
                                    

Warning- Sexual Content alert!

Unicode

ရိုးရာလက်ထပ်ထိမ်းမြားခြင်း ဆယ်မျိုးအနက်မှ ရေခွက်၌ လက်ချ၍ထိမ်းမြားခြင်း ပြီးစီးသောအခါတွင်ဝယ် ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်အပေါင်းတို့ကို အရသာရှိလှသော စားကောင်းသောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံသည်။

ထို့အတူ မင်္ဂလာပွဲအထိမ်းအမှတ်အနေနှင့် မြို့ထဲတွင်လည်း ပြည်သူများအတွက် ခုနစ်ရက်ပတ်လုံး စတုဒီသာအလှူမဏ္ဍပ်များနှင့် ပြည့်စုံထားစေသည်ဖြစ်​၏။

ထို့ကြောင့် အထက်တန်းလွှာများသာမက ပြည်သူအပေါင်း​၏ "ရိုးမြေကျပေါင်းသင်းရပါစေ" ဟူသောဆုမွန်ကောင်းများဟာ အသစ်စက်စက်မောင်နှံဖြစ်သည့် အရုဏနှင့်ယုဂန်တို့အပေါ် လျှံပြည့်ပေါင်းလှန်နေလေသည်။

လက်ထပ်ပွဲ အောင်မြင်စွာအဆုံးသတ်သွားသောအခါ ဧည့်သည်အသီးသီးသည် မင်းသားအရုဏနှင့် သူ​၏ကြင်ယာတော်ယုဂန်နိုင်တို့ကို ဂါရဝပြုကာ သူတို့​၏သက်ဆိုင်ရာ ဧည့်နန်းဆောင်စီ ပြန်သွားကြသည်။

အရုဏနှင့်ယုဂန်တို့သည်လည်း သူတို့​၏မင်္ဂလာခန်းဆောင်ထားရာ စံအိမ်တော်သို့ ပြန်ရန်ပြင်သည်။

စံအိမ်တော်သို့ရောက်သောအခါ မင်းသားအရုဏကို တကူးတကလာရောက်တွေ့ဆုံကြသော အထက်တန်းလွှာဧည့်သည်များကြောင့် အရုဏ မအားမလပ်ဖြစ်ရသည်။ ထိုအချိန်တွင် ယုဂန်မှာ ပီယံမိတ်က လာခေါ်သဖြင့် "ခဏ လိုက်သွားမည်" ဟုဆိုလျက် ပီယံမိတ်နောက် ပါသွားလေသည်။

ညချမ်းအချိန်ရောက်မှ ယုဂန်နိုင်တစ်ယောက် စံအိမ်တော်သို့ပြန်ရောက်သည်။ အကောင်းတိုင်းတော့မဟုတ်ပါ။ သေရည်နံ့တထောင်းထောင်းနှင့် ပြန်ရောက်လာခြင်းဖြစ်သည်။

( ညချမ်းအချိန် = ညနေ ၆ နာရီခွဲ)

သူတို့​၏ သေချာစွာပြင်ဆင်ထားသော မင်္ဂလာခန်းဆောင်အတွင်း စောင့်ဆိုင်းနေသောအရုဏသည် ယုဂန်ပြန်ရောက်လာသံကြားသဖြင့် ဆင်းကြိုရန်ဟန်ပြင်စဉ်တွင် အခန်းတံခါး ဝုန်းခနဲပွင့်လာသည်။

တံခါးဝတွင်တော့ ခြေကားယား၊ လက်ကားယားနှင့် ယုဂန်နိုင်။

သူက သေရည်ခိုးငွေ့နေသောမျက်ဝန်းများနှင့် အရုဏကို ကြည့်လာပြီးနောက် တံခါးဘောင်ကို ဟန်ပါပါမှီချလိုက်လေသည်။ သို့သော်လည်း မူးနေသောကြောင့် တံခါးဘောင်မှချော်ကာ ဘေးသို့ယိုင်သွားသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now