Chapter : 160

3K 376 104
                                    

Unicode

The Everlasting One

___________________

တစ်နှစ်ခန့်ကြာသော်.....

လေပြည်အေးတို့ အပြေးအလွှားလေး သော့သောအခါ နှင်းဆီငယ်တို့​၏ နူးညံ့မွေ့သိမ်သော ရနံ့လေးများက လောကတစ်ခွင် ပျံ့နှံ့လာခဲ့သည်။

မဏိသည် ထိုအမွှေးရနံ့တို့ကို အဆုတ်ထဲပြည့်သည်အထိ ရှူသွင်းလိုက်​၏။ သူ ကျေနပ်ပိတိအပြုံးတို့ဖြာရင်း လှပစွာဖူးပွင့်အာနေသော နှင်းဆီပန်းတို့ကို အနီးကပ်ငုံ့ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူနှင်းဆီပန်းစိုက်သည့် နေရာတွင် အောင်မြင်ခဲ့လေပြီ။ ထိုသို့သော ဂုဏ်ယူစိတ်နှင့်အတူ သူ ကျယ်လောင်စွာအော်ခေါ်လိုက်သည်။

" ဒေါဏ...ဒေါဏ လာပါဦး"

သူ့ခေါ်သံကြောင့် တခြားနေရာတွင် အပင်ရေလောင်းနေသည့် ဒေါဏမှာ ရေပုံးကိုအသာချရင်း မဏိအနားသို့ ပြေးလာသည်။

" ဘာများလဲ အစ်ကို..."

" အစ်ကိုတို့ရဲ့ နှင်းဆီပန်းတွေပွင့်ပြီ။ ကြည့်ပါဦး အများကြီးပဲ"

ဒေါဏ ကြည့်လိုက်သောအခါ နီရဲပွင့်အာနေသော နှင်းဆီပန်းများကို တွေ့လိုက်ရသည်။ လှပမှုကြောင့် ဒေါဏ​၏မျက်ဝန်းလေးများ တောက်ပသွားသည်။

" ဟုတ်ပါ့ လှလိုက်တာ..."

မဏိသည် ဒေါဏကို ရွှန်းရွှန်းစားစားငဲ့စောင်းကြည့်၍ ယင်းနောက် သူ​၏လက်ထဲမှ နှင်းဆီနီတစ်ပွင့်ကို ဒေါဏဆီကမ်းပေးလာသည်။

ဒေါဏ နှင်းဆီကိုယူလိုက်သော်လည်း မဏိကို အူကြောင်ကြောင်ဖြင့် မော့ကြည့်လာသည်။

" ဒါက?"

" ပထမဆုံးပွင့်တဲ့ပန်း...မင်းကိုပေးမလို့"

ဒေါဏ မပြုံးမိဘဲမနေနိုင်ချေ။

အမြဲတစေ အစ်ကိုက သူစိုက်၍ပွင့်လာသည့် ပထမဆုံးပန်းကို ဒေါဏအတွက် ဖယ်ဖယ်ထားတတ်သည်။ သူတို့ လက်ထပ်ပြီး၍ အတူနေလာသည့် တစ်နှစ်အတွင်း ဒေါဏမှာ မဏိဆီက ပန်းပေါင်းများစွာကို လက်ခံရရှိထားပြီးဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now