Chapter : 123

8.8K 945 104
                                    

Unicode

စကြဝဠာတွင်းပေါက်

______________

" အဲ့တော့ တစ်ခုချင်းစီ တစ်ဆင့်ချင်း ရှင်းပြသွားမယ်"

ယုဂန်သည် ကြိမ်လုံးကိုကိုင်ကာ ကျောက်သင်ပုန်းကို တဒေါက်ဒေါက်ခေါက်​၏။

သူ့ကြည့်ရသည်မှာ စာသင်တော့မည့် ဆရာတစ်ယောက်နှယ် ကြိမ်လုံးတကိုင်ကိုင်နှင့်ဖြစ်ပြီး သူ့ရှေ့တည့်တည့်တွင် ငုပ်တုပ်လေးထိုင်နေသည့် အရုဏကမူ တပည့်ကလေးတစ်ယောက်နှင့် တူညီနေလေသည်။

အရုဏသည် ယုဂန်ပြောဆိုမည့်အကြောင်းရာကို ဂရုတစိုက် နားထောင်ရန် အသင့်ဖြစ်နေ​၏။

ယုဂန်က ကြိမ်လုံးကို ချိုင်းကြားထဲတွင် ညှပ်ကာ မြေဖြူတစ်ခဲကိုယူ၍ ကျောက်သင်ပုန်းထက်တွင် "အိုင်စတိုင်း" ဟု စာရေးလိုက်သည်။ ထို့နောက် " အိုင်းစတိုင်း" ဟူသော စကားလုံးကို အဝိုင်း,ဝိုင်းလိုက်​၏။

" ကျွန်တော်လာခဲ့တဲ့နေရာမှာ အိုင်းစတိုင်းလို့ခေါ်တဲ့ ပညာရှင်တစ်ယောက်ရှိခဲ့ဖူးတယ်"

ယုဂန် စကားအစချီသည်။

"အိုင်းစတိုင်းက  သီအိုရီလို့ခေါ်တဲ့ အယူအဆတွေ၊ နည်းစနစ်တွေအမြောက်အမြားကို တွက်ချက်ပြီးထုတ်ဖော်ခဲ့တယ်။ အိုင်းစတိုင်းရဲ့သီအိုရီတွေထဲက တစ်ခုကတော့ အိုင်းစတိုင်း ရိုဆန် တံတား ( Einstein Rosen Bridge) ဒါမှမဟုတ် wormhole လို့ခေါ်တဲ့ တီတွင်းပဲ။ ဆိုတော့ တီတွင်းဆိုတာကဘာလဲ မေးစရာရှိတယ်"

ယုဂန် ကျောက်သင်ပုန်းထက်တွင် စာချရေးပြန်​၏။ ဒီတစ်ခါတော့ မိခင်ဘာသာစကားနှင့်မဟုတ်။ တခြားသော ဘာသာစကားနှင့်ဖြစ်သည်။

ထိုဘာသာစကားကို ယုဂန်ပြောပြ၍ အရုဏသိသည်။ ယုဂန်တို့ကမ္ဘာ၌ လူသုံးများသော အင်္ဂလိပ်ဘာသာစကားဟု သိရသည်။

ယုဂန်က သူ့ကို " လူအများမသိသော ဘာသာစကားတစ်ခု တတ်ထားလျှင် တစ်နေ့နေ့ တစ်ချိန်ချိန် အသုံးဝင်လာနိုင်သည်" ဟူသောစကားဖြင့် အင်္ဂလိပ်စကားကို ထမင်းစားရေသောက်မျှ သင်ကြားပေးထားသည်။ ထို့ကြောင့် အနှီဘာသာစကားနှင့် ဝါကျရှည်များ မဖတ်တတ်သေးသည့်တိုင် စကားလုံးအနည်းငယ်ကိုတော့ အရုဏနားလည်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now