Chapter : 156

3.6K 437 46
                                    

Unicode

အိပ်မက်နှင့်လက်တွေ့
___________________

တီတီ တီတီိ...

တီတီ တီတီ.....

ဆက်ကာဆက်ကာ မြည်ဟည်းနေသော ဖုန်းကို အကျင့်ပါနေသော ညာဘက်လက်ဖြင့် လှမ်း၍ ပိတ်လိုက်သည်။

အိပ်ချင်စိတ်ကြောင့် မျက်လုံးဟာ မပွင့်သေးသည့်တိုင် နေ့တိုင်းပိတ်နေကြ နှိုးစက်သံပေမို့ လက်က ဖုန်း​၏ခလုတ်နေရာကို အလိုလိုသိပြီးသားဖြစ်သည်။

ရုတ်တရက် သူသတိရသွားသည်။

သူဟာ အဘယ်ကြောင့် ဖုန်းစက်နှိုးသံကို ပိတ်နေပါသနည်း။

ထိတ်လန့်စိတ်နှင့်အတူ မင်းလွင်မျက်လုံးများပွင့်လာသည်။  သူ​၏ အိပ်ချင်စိတ်များဟာ မည်သည်ကိုရောက်ရှိသွားသည် မသိရဘဲ ချက်ချင်းပင် ထထိုင်မိလိုက်သည်။

မင်းလွင်ကိုယ့်ကိုယ်ကို ငုံ့ကြည့်သည်။ သူဟာ ဝတ်နေကြ အိမ်နေရင်း တီရှပ်တစ်ထည်နှင့် ဘောင်းဘီတို့ကိုဝတ်ဆင်ထားသည်။ သူရောက်နေသော နေရာဟာလည်း သူ့အခန်းဖြစ်​၏။

အချိန်က မနက်၇ နာရီဖြစ်သည်။ တနင်္လာနေ့ဖြစ်​၏။

အေးစိမ့်စိမ့်ရှိပြီး ငှက်သံမှတစ်ပါး တခြားသောအသံမကြားရအောငိ တိတ်ဆိတ်နေသည်။

အရာအားလုံးဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကို ပုံမှန်ဖြစ်နေသည်။

မင်းလွင် ကုတင်ပေါ်မှ ဆင်းကာ အခန်းထဲမှထွက်ပြီး မီးဖိုခန်းဆီသွားသည်။ ထိုတွင် အလုပ်များနေသော မမကိုတွေ့ရသည်။ မမက ထမင်းအိုးထဲမှ ထမင်းပူပူလေးများကို ကလေးထမင်းဘူးထဲသို့ ထည့်နေသည်။

" မမ..."

မင်းလွင် မဝံ့မရဲခေါ်လိုက်မိသည်။

ဤအရာဟာ အိပ်မက်လား၊ လက်တွေ့လားဆိုတာကိုပင် သူမခွဲခြားတတ်တော့ပေ။

မမက မင်းလွင်ကို လှည့်ကြည့်လာသည်။ ထို့နောက် သူဟာ သာမန်ဆန်စွာပင်

"နိုးလာပြီလား။ အုပ်ဆောင်းအောက်မှာ ထမင်းကြော်လုပ်ပေးထားတယ်။ ကြက်ဥကြော်နဲ့စားလိုက်။ လက်ဖက်လည်းရှိတယ်နော်။ မရမ်းသီးကြော်က မနေ့က ငါ့ယောက္ခမ လာပေးသွားတာ"

The Everlasting One (volume 2 + 3 )Where stories live. Discover now